ပျော်ရွှင်ရာမြေ
Thursday, 21 March 2013
မိတ္ထီလာမြို့တွင် အခြေအနေ တည်ငြိမ်မှု မရှိသေးသော်လည်း ယမန်နေ့ညကလောက် ဆိုရွားခြင်း မရှိတော့
မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးနေစဉ်
မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ခဲ့သော မိတ္ထီလာမြို့မှ ပဋိပက္ခအခြေများမှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်ထိ ပြန်လည်တည်ငြိမ်မှု မရှိသေးသော်လည်း ယမန်နေ့ညပိုင်းကလောက် ပြင်းထန်ဆိုးရွားမှု မရှိတော့ကြောင်း Eleven Media Group သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရပါသည်။
ဆူပူမှုများအား ထိန်းသိမ်းရန်အတွက် ယမန်နေ့ညက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း ဆူပူသူ လူစုလူဝေးမှာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြပြီး သေဆုံးသူ ငါးဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦးရှိကြောင်း မိတ္ထီလာ ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက မွန်းတည့် ၁၂ နာရီအချိန်တွင် ပြောကြားပါသည်။
အဆိုပါ အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပြီး မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဥက္ကဌအဖြစ်လည်းကောင်း၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းနိုင်၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်မြင့်တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း အသီးသီး ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်စဉ်အမှန် အသေးစိတ်အား စုံစမ်းစစ်ဆေး၍ တစ်ပတ်အတွင်း ပြန်လည်တင်ပြရမည် ဖြစ်သည်။
ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနိုင်ရန်အတွက် မိတ္ထီလာမြို့တွင် ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပြီး ၎င်းတို့ကြုံတွေခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဒုက္ခသည်စခန်းတွေလည်း သွားတယ်။ ဆေးရုံတွေလည်း သွားတယ်။ ကျွန်တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာ တွေ့ရတယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဆေးရုံမှာတော့ ပစ်ခတ်နှိမ်နင်းထားလို့ ခြေထောက်၊ ပေါင်တွေမှာ ဒဏ်ရာရထားသူတစ်ချို့ တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော်မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေ ရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ မနက်ကတော့ အကြမ်းဖက်တဲ့ နေရာတွေမှာ လုံခြုံရေးဝန်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးလို့ နည်းနည်းငြိမ်သက်သွားတယ်။ တခြားမြို့ကြီးတွေမှာလည်း မသင်္ကာမှုတွေနဲ့ သံသယတွေ ရှိနေကြတယ်။ ရန်ကုန်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုပြီးအဆင်ပြေတယ်ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာတာပါ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။
မိတ္ထီလာမြို့ တစ်နေရာတွင် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်
လူစုလူဝေးနှင့် ဆူပူမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပြီး ယနေ့မွန်းလွဲပိုင်းတွင် ဆူပူသူများက ရန်မျိုးအောင်ရပ်ကွက် တော်ဝင်နန်းအနီးရှိ နေအိမ်တစ်လုံးအားလည်းကောင်း၊ ကားကြီးကွင်းအနီးမှ နေအိမ်တစ်လုံးကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အောင်ဆန်းမြို့သစ်မှ ကျော်ဓာတ်ဆီဆိုင်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။ လုံခြုံရေးအတွက် နေပြည်တော် လုံခြုံရေးတပ်မှ ရဲတပ်သားအင်အား ၁၅၀ ကျော်၊ ရမည်းသင်းခရိုင်မှ ဒုရဲမှူးသောင်းကြည် ဦးဆောင်သော ရဲတပ်ဖွဲ့အင်အား ၅၀ ခန့်တို့သည် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လုံခြုံရေးတာဝန်များ ဆောင်ရွက်နေကြောင်း သိရသည်။
ယနေ့နံနက် အစောပိုင်းက ရန်မျိုးအောင်ရပ်ကွက်နှင့် လုပ်သားရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ဆူပူမှုများကြောင့် သေဆုံးမှု ရှိနိုင်ကြောင်း သိရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ မိတ္ထီလာ စည်ပင်သာယာဈေးကြီး ပိတ်ထားသလို အိမ်ဆိုင်အများစုလည်း ပိတ်ထားကြသည်ဟု သိရသည်။ မြို့ပေါ်တွင် နေထိုင်သူအများစုသည် နီးစပ်ရာသို့ ရွှေ့ပြောင်းနေမှုလည်း ရှိနေကြောင်း သတင်းရရှိပါသည်။ မီးလောင်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာခရိုင် လေးခရိုင် မီးသတ်မော်တော်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မီးငြိမ်းသတ်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက Eleven Media Group သို့ ပြောကြားသည်။
ကျွန်တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာတွေ့ရ တယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဆေးရုံမှာတော့ ပစ်ခတ်နှိမ်နင်းထား လို့ ခြေထောက်၊ ပေါင်တွေမှာဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲလုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စ မှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော် အမြင် ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲမေတ္တာရပ်ခံချင်ပါတယ် . . . .
မွန်းလွဲ ၁ နာရီအချိန်က စတင်လောင်ကျွမ်းခဲ့သည့် ကားကြီးဝင်းအရှေ့ဘက် မီးလောင်ကျွမ်းမှုသည် အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းလျက် ရှိနေပြီး သီရိမင်္ဂလာရပ်ကွက်ရှိ AGD ဘဏ်အနီးသို့ ကူးစက်လောင်ကျွမ်းနေကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန်အတွက် မီးသတ်ယာဉ် အလုံအလောက် မရှိခြင်း၊ ရှိနေသော မီးသတ်ယာဉ်များမှာလည်း မီးလောင်ကျွမ်းရာ နေရာသို့ သွားနိုင်ရန်အတွက် လုံခြုံရေး အလုံအလောက် မရှိခြင်းတို့ကြောင့် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်မရ ဖြစ်နေကြောင်း မိထ္ထီလာမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားသည်။
လှည့်ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့ယာဉ်တန်းအား တွေ့ရစဉ်
ယခုဖြစ်စဉ်များနှင့် ပတ်သက်ပြီး"ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးပြီ ဖြစ်တဲ့အတွက် ရဲက အရေးပိုင်ပြီ။ ရဲအရေးပိုင်ပြီဖြစ်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးရှိဖို့ ထိထိရောက်ရောက်နဲ့ ပုဒ်မ ၁၄၄ ကို အသက်သွင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောခိုင်းတယ်။ အဲဒါကိုလည်း ကျွန်တော်ပြောပြီးပြီ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း လုပ်ပေးပါမယ်လို့ ပြောတယ်။ လောလောဆယ်တော့ အခြေအနေက မတည်ငြိမ်သေးဘူး။ တစ်ခုခုဖြစ်မှာကို ပြည်သူတွေက ကြောက်နေကြတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က Eleven Media Group သို့ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်က ပြောကြားသည်။
ညနေပိုင်းအခြေအနေမှာမူ ယမန့်နေ့ညက ဖြစ်ပွားခဲ့သည့် အခြေအနေကဲ့သို့ မဆိုးဝါးတော့ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အပြင် အင်းဝဘဏ်ရှိ ငွေကြေးများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန်အတွက် တပ်မတော်မှ လာရောက်ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက်နေရာယူထားသည်ဆိုသော သတင်းများ ပျံ့နှံ့ခဲ့ခြင်းကြောင်း လူစုလူဝေးဖြင့် သွားလာမှုများ လျော့နည်းသွားကြောင်း သိရသည်။
ထပ်မံသိရှိရသော သတင်းများအရ ညနေလေးနာရီ ၀န်းကျင်တွင် မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်အတွင်းမှ အစ္စလာမ်ဘာသာဝင် ကလေးနှင့်လူကြီးများအား မိတ္ထီလာခရိုင် အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက်အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။
မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်အထိ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၄၂ ဦးရှိကြောင်း မိတ္ထီလာပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ တာဝန်ရှိသူက ''ဆေးရုံကို ရောက်ရှိလာသူ ၄၂ ဦးမှာ သေဆုံးသူစာရင်းကတော့ အပြောင်းအလဲ မရှိသေးပါဘူး။ ဒါက ဆေးရုံမှာရောက်ရှိလာတဲ့ စာရင်းပါ။ ဒဏ်ရာရသူ စာရင်းကတော့ တိုးလာပြီး လက်ရှိအချိန်ထိ စာရင်းအရ ၃၇ ဦး ရှိပါတယ်။ ဆေးရုံမှာမရှိတဲ့ ဆေးအချို့ကလွဲပြီး ဆေးရုံရောက်လာသူ အားလုံးကို ကုသပေးဖို့ ဆေးဝါးလုံလောက်မှု ရှိပါတယ်။ ဆေးရုံဝန်ထမ်းအင်အား ဖြည့်တင်းပြီး အချိန်ပြည့်ကုသမှု ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်'' ဟု ပြောကြားခဲ့သည်။
Photo - AFP
မိတ္တီလာမြို့ ပဋိပက္ခဖြစ်စဉ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''လက်ရှိအခြေနေက အနည်းငယ် လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဒါကိုလည်း တည်ငြိမ်စေဖို့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
“လောလောဆယ် လုံခြုံရေးတွေ လှည့်ကင်းဆောင်ရွက်နေတာ တွေ့ရတယ်။ နေ့ဘက်ကလိုတော့ ဆူဆူညံညံတွေ မရှိတော့ပါဘူး။ ၉ နာရီခွဲ ဝန်းကျင်လောက်ကတော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို လူနှစ် ဆယ်လောက်က ဖျက်နေတယ်လို့ကြားလို့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ထိန်းသိမ်းနေတယ်လို့ သိရတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ အဲဒီလို ကောလဟာလတွေတော့ ခဏခဏ ကြားနေရတယ်” ဟု မိတ္ထီလာမြို့သို့ေ၇ာက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ ပြောကြားချက်အရ သိရသည်။
မိတ္ထီလာမြို့၏ နောက်ဆုံးအခြေအနေအား သိရှိရန်အတွက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ဆက်သွယ်မေးမြန်းခဲ့ရာတွင် "အခြေအနေက တည်ငြိမ်နေပါပြီ။ ကောလာဟလ သတင်းတွေပဲ ကြားနေတာ ရှိပါတယ်။ ရဲတပ်ဖွဲ့ကို မေးမြန်းကြည့်တော့ တည်ငြိမ်မှု ရသွားပြီလို့ ဖြေကြားပါတယ်" ဟု Eleven Media Group သတင်းထောက်က ပြောကြားသည်။
ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀)ချက်
=============================
(၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
(၂) စိတ်ဝင်စား တက်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။
(၃) ကျန်းမာရေး မကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ် ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက် စာဖတ် တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှု တွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။
(၄) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီး ခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်
အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင် စုစည်းမှုကိုတော့
လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးတဲ့ အကျိုးဆက် ကိုရစေပါ တယ်။
(၅) အိပ်ချိန် မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရ စေပါတယ်။ အိပ်ချိန် မလုံလောက် တာမျိုး ရေရှည် ဖြစ်လာတဲ့ အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မား လာစေပါတယ်။
(၆) လေထု ညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ လေကို ရှုသွင်းခြင်း အားဖြင့် ဦးနှောက်ကို အောက်ဆီဂျင် ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
(၇) အချိုများ လွန်ကဲစွာ စားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီး အာဟာရ ချို့တဲ့ စေတဲ့အပြင် ဦးနှောက် ဖွံ့ဖြိုးမှု ကိုပါ အနှောင့် အယှက် ဖြစ်စေပါတယ်။
(၈) ဆေးလိပ် သောက်ခြင်း
(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ် သောက်တတ်သူတွေ ကျွန်တော့်စာကို လာဖတ် ကြပါတော့ မလားတောင် မသိဘူး) ဆေးလိပ် သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမား ရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစား ဆင်ခြင်နိုင်စွမ်း တွေကို ကျဆင်းစေတဲ့ ရောဂါ) ပါဖြစ်လာနိုင် ပါတယ်။
(၉) လွန်ကဲစွာ စားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက် ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြော တွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
(၁၀) မနက်စာ မစားခြင်း
မနက်စာ မစားသူတွေဟာ သွေးထဲမှာ ပိုနည်းတဲ့ သကြားဓာတ် ရစေပါတယ်။ အဲဒါရဲ့ အကျိုးဆက် အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။
Credit - Original up-loader
-----------------------------------------------
Post From ^..^
ရေးမိရေးရာလေးများ
Unlike · · Share
အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ-၏ သြဝါဒကထာ
(၁)။ သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး-၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣနြေ္ဒစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
၎။ ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။
(ဘုရားရှင် ပွင့်တော်မူရခြင်း၏ ရလာဘ်)
ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကိုသလ်နှင့်, ထိုထိုဘုံဘဝ, မသိရ, များလှ အပြစ်တွေ။
ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွှန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှ ကျေးဇူးတွေ။
ကျေးဇူးတော်ရင်, ဘုရားရှင်ကို, နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့, အမြတ်ရတနာ, သာသနာ၏, နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း, လူစွမ်း ပြကြစေ။
ငရဲရှိတယ်, တိစ္ဆာန်ရှိတယ်, ပြိတ္တာရှိတယ်, လူနုံ လူမွဲ လူဆင်းရဲ ရှိတယ်, သေရဦးမယ် သတိထား။
သံဝေဂဝတ္ထု ရှစ်ပါး
အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြေလူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်ကြရှာ၏။
အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂါတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုံးမှာလည်း, အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။
မီး ၁၁-ပါး
သူသူငါငါ, ဖြစ်လေရာဝယ်, ဦးစွာကြိုဆီး, ဇာတိမီးက, အပြီးပုံသေ, လောင်မြိုက်လေ၏။
မသွေတစ်သီး, ဇရာမီးလည်း, အပြီးနောက်မှာ, ကပ်လျက်ပါ၏။
မကွာစေရ, မရဏဟု, တစ်ဘဝဖျက်ဆီး, လောင်သည့်မီးလည်း, ငြီးငြီးပြောင်ပြောင်, အမြဲလောင်၏။
လောင်ပုံလောင်အား, မထင်ရှားပဲ, နုထွားပြိုမြစ်, အရွယ်ဖြစ်သော်, အချစ်ရာဂ, မီးတွေထ၍, ဒေါသထန်ပြင်း, မောဟညှဉ်း၏။
မကင်းနိုင်အောင်, ထို့နောက်နောင်လည်း, တောက်လောင်ဖိစီး, သောကမီးကြောင့်, ဝမ်းနည်းဖွယ်တွေ, အထွေထွေနှင့်, ပရိဒေဝ, ငိုကြွေးကြဖို့, ဒုက္ခလည်းထပ်, ဒေါမနသ်နှင့်, ဆက်စပ်မကွာ, ဥပါယာသ, လွန်ပြင်းပျ၍, သက်မျှမရှူ, တက်အောင်ပူသည်,---ဆူဆူဆယ့်တစ် မီးတောက်တည်း။
အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေး ၃-ပါး
အိုအိုလူများ, သတိထားလော့, သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်း ဒုတိယ, မရောက်ကြဘူး၊
ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း တတိယ, မရောက်ကြပင်၊
တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, လွန်ပုံတစ်ဝ, အောက်ချတစ်ခင်း, ထိခြင်းတလွေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, အခန်းခန်း၌, ခြေလှမ်းပိုင်းခြား, စိတ်ခြောက်ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်အတန်းတို့, နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည်, ဒုက္ခ-အနတ္တချည်းသာတည်း။
ဆရာတော့် အဓိဋ္ဌာန်
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက, နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့, အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ ဘာသာအတွက်မို့, ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့, ကုသိုလ်ရေးမို့ ကြိုးစားမည်။
( ဒို့လဲ ကြိုးစားမည် )
Posted by: mingala at 3.3.13 No comments:
Labels: ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ
Saturday, March 2, 2013
လစဉ် ဟောစာတမ်း ( မတ်လ ၂၀၁၃-ခု )
ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင် ဆရာအောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( မတ်လ ၂၀၁၃ )
ဆရာ အောင်ငြိမ်းမြတ်-အား ဉာဏ်ပူဇော်ခ သဒ္ဓါရှိသမျှ ပူဇော်၍
အကြောင်းအရာ မျိုးစုံကို အသေးစိပ် အပြည့်အစုံ သိရှိလိုပါက
ဖုန်း ( 402-359-3085 ) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
နေ့စဉ်=နေ့လည် ၁၂း၀၀ နာရီမှ ည ၁၀း၀၀ နာရီ အထိ ဟောပေးပါသည်။
Read more »
Posted by: mingala at 2.3.13 No comments:
Labels: ဗေဒင်
Friday, March 1, 2013
အမြင်အာရုံ ကျန်းမာရေးအတွက် နည်းလမ်း ၁၀-ချက်
အမြင်အာရုံ ကျန်းမာရေး အတွက် နည်းလမ်း ၁၀ အမြင် အာရုံ ကျန်းမာရေး အတွက် လူတိုင်း လိုက်နာ သင့်တဲ့ နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။
၁)ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အဝလွန်တာက မျက်စိ အမြင်အာရုံကို ထိခိုက်စေတဲ့ အဓိက အကြောင်းရင်း လေးရပ်နဲ့ ဆက်စပ်မှု ရှိတယ်လို့  Royal National Institute for the Blind က ဆိုပါတယ်။ အဝလွန်တာကြောင့် ဖြစ်နှုန်း မြင့်မားစေတဲ့ အကြောင်းရင်း လေးခုက ရေတိမ် ရောဂါ၊ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးတာ၊ ဆီးချိုကြောင့် အာရုံကြော ထိခိုက်တာနဲ့ အတွင်းတိမ် ရောဂါ တို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
လူတွေမှာ BMI၃၅-နဲ့ အထက် မြင့်တက်နေရင် BMI ၂၂-အောက် လျော့နည်းသူတွေထက် ဆီး ချိုရောဂါ ဖြစ်နိုင်ခြေ ၈၀-ဆ မြင့်တက်နေတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကလည်း နှစ်ဆ တိုး သွားတယ်လို့ ဆိုပါတယ်။ဒါကြောင့် မျက်စိ ကျန်းမာရေး အတွက် ကိုယ်အလေးချိန်ကို ထိန်းဖို့ လို ပါတယ်။
၂)မုန်လာဥနီ စားပါ လူ ၄၃%ဟာ အာဟာရ ချို့ တဲ့မှုကြောင့် မျက်စိ ကျန်းမာရေး ထိခိုက်မှု ဖြစ်နေတာကို သတိမမူမိကြကြောင်း Health Sight Survey ရဲ့ လေ့လာမှု အရ သိရပါတယ်။အာဟာရ ချို့ တဲ့မှုဖြစ်ရင် အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှု(AMD)ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ မျက်စိ ကျန်းမာရေးအတွက် အင်တီအောက်ဆီးဒင့် တွေက အရေးပါ ပါ တယ်။ အရောင်ရင့်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ထဲမှာ တွေ့ ရတဲ့ လူတင်နဲ့ ဇီဇန်သင်းဓာတ်တွေကလည်း မက်ကူလာကို အကာအကွယ် ပေးနိုင်ပါတယ်။ဒါကြောင့် မုန်လာဥနီ အပါအဝင် အပင်ထွက် အစားအစာတွေကို စားပေး ရပါမယ်။
၃)မျက်စိအတွက် ယောဂကျင့်ပါ
မျက်စိ ကြွက်သားတွေကို သန်စွမ်းအောင်နဲ့ အပန်းပြေအောင် လေ့ကျင့်ခန်း လုပ်ပေးတာကြောင့် အမြင်အာရုံကို ကျန်း မာစေပါတယ်။မျက်စိအတွက် လုပ်ရမယ့် လေ့ကျင့်ခန်း ကတော့ နာရီ လက်တံလည်တဲ့ အတိုင်း မျက်စိကို ရွေ့ လျားပေးရမှာပဲ ဖြစ်ပါတယ်။မျက်စိကို ဒဏ်ပိလောက်တဲ့ အထိ တွန်းတာမျိုး မလုပ်ပါနဲ့ ။နာရီလက်တံ လည်တဲ့ အတိုင်း မျက်စိကို ရွေ့ လျားပြီးရင် နာရီလက်တံ ပြောင်းပြန် အတိုင်း ရွေ့ လျားကြည့်ပါ။ပြီးရင် မျက်တောင်ခတ်ပြီး မျက်စိ စုံမှိတ်ကာ အနားယူပေးပါ။
၎)တစ်ကိုယ်ရေ သန့် ရှင်းရေး အလေးထားပါ သန့် ရှင်းရေး ညံ့ဖျင်းတာကြောင့် မျက်စိ နီရဲပြီး မျက်မြှေးယောင်နာ ဖြစ်တာ၊မျက်စိ စွန်တာတွေ ဖြစ်စေ နိုင်ပါတယ်။ မျက် စိကို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ မှု၊ဘက်တီးရီးယားနဲ့  ဗိုင်းရပ်စ်ပိုးဝင်မှုတွေ ကြောင့်လည်း မျက်စိ ကျန်းမာရေး ထိခိုက် ရတတ်ပါတယ်။ဒါကြောင့် မျက်စိ ကျန်းမာ သန့် ရှင်းဖို့ အတွက် တဘက်ကို သူများနဲ့ မျှပြီး မသုံးဖို့ ၊မျက်စိကိုလက်နဲ့မပွတ်မိအောင် သတိ ထားဖို့အရေးကြီးပါတယ်။ မျက်စိစွန်တာ၊ မျက်စိနီရဲတာတွေ ဖြစ်ပြီးရင် မျက်စိအတွက်သုံးတဲ့ အလှပြင်ပစ္စည်းတွေကို အသစ်သုံး ပေးဖို့ လိုပါတယ်။ မျက်ကပ်မှန်ကိုဆေးရည်အသစ်ထဲ ပြောင်းထည့်ပြီး သေချာဆေးကြေားပြီးမှသုံးပါ။
၅)ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ
ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် မက်ကူလာ ယိုယွင်းမှု့(AMD)ဖြစ်နိုင်ခြေ ၄၇%ပိုများ ကြောင်း၊ ဆေးလိပ်မသောက်သူတွေထက် ၅-နှစ်စောပြီးဖြစ်နိုင်ဖြေရှိကြောင်း
လေ့လာမှု့တွေက ဆိုပါတယ်။
ဆေးလိပ်သောက် တာနဲ့ AMDအကြားဆက်စပ်မှု့ကိုတော့ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။
ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အတွင်း တိမ် ရောဂါနဲ့ အရောင်တွေကို ခွဲခြားမြင်နိုင်စွမ်း ထိခိုက်မှု့တွေကိုလဲ ဖြစ်စေနိုင်ပါတယ်။
၆)နေကာ မျက်မှန် တပ်ဆင်ပါ
ဆောင်းရာသီမှာတောင် အပြင်ထွက်ရင် နေကာမျက်မှန်ကို တပ်ဆင်ပေး သင့်ပါတယ်။ ဝီကွန်ဆင် တက္ကသိုလ်ရဲ့ လေ့လာ တစ်ရပ်အရ တစ်နေ့ မှာ ငါးနာရီနဲ့ အထက် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ မှုကြောင့် အသက်ကြီးချိန်မှာ မက်ကူလာ ယိုယွင်း ပျက်စီးမှု ဖြစ်နိုင်ခြေနဲ့ အတွင်းတိမ် ဖြစ်နိုင်ခြေ မြင့်မားကြောင်း သိရပါတယ်။ဒါကြောင့် ခရမ်းလွန်ရောင်ခြည် ထိခိုက်မှုမှ ကာ ကွယ်နိုင်အောင် နေကာမျက်မှန်ကို တပ်ဆင် ပေးးဖို့ လိုပါတယ်။
၇)ကွန်ပျူတာ သုံးချိန်ကို လျှော့ချပါ
ကွန်ပျူတာကို တစ်နေ့ ခြောက်နာရီနဲ့ အထက် အသုံးပြုတဲ့ လူ ၇၀%ဟာ အမြင်အာရုံ ဝေဒနာ ရနိုင်ခြေ မြင့်မားကြောင်း လန်ဒန် စင်တာက ဆိုပါတယ်။ကွန်ပျူတာကို ကြာကြာ သုံးတာကြောင့် မျက်စိ ညောင်းတာ၊နှစ်ထပ်မြင်တာနဲ့ ယာယီ အမြင် ဝေဝါးတာ စတဲ့ ကွန်ပျူတာအမြင် အာရုံဆိုင်ရာ ရောဂါစု ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။ကွန်ပျူတာသုံးတဲ့ အခါ မျက်တောင်ခတ် နှုန်း နှေးတာကြောင့် မျက်စိ ခြောက်သွေ့ မှု ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာသုံးချိန် နာရီဝက်ကြာတိုင်း မျက်စိကို စုံမှိတ်ပြီး မျက်ကြည်လွှာ စိုစွတ်သွားအောင် အနားပေးဖို့ လိုပါတယ်။
၈)ပုံမှန် မျက်စိ စမ်းသပ်မှု ခံယူပါ
တစ်နှစ် တစ်ကြိမ် မျက်စိကို ပုံမှန် စမ်းသပ် စစ်ဆေးမှု ခံယူ သင့်ပါတယ်။ အမြင်အာရုံက အချိန်နဲ့ အမျှ ပြောင်းလဲနေ နိုင် ပါတယ်။လမ်းဘေးက ဆိုင်းဘုတ်တွေကို ဖတ်ရခက်နေရင်၊စာဖတ်တဲ့ အခါ စာလုံးတွေ ဝါးနေရင် မျက်စိကို စမ်းသပ်ပေးပါ။မျက်စိ ကျန်းမာရေးကို စမ်းသပ်တာကြောင့် သိုင်းရွိုက်ရောဂါ၊ဆီးချိုရောဂါ၊သွေးတိုး ရောဂါ စတဲ့ အခြေခံ ရောဂါတွေ ရှိ/မရှိ ကိုလည်း သိ နိုင်ပါတယ်။
၉)စံပယ်ပန်း ရနံ့ မွှေးကြူပါ စံပယ်ပန်း ရနံ့ ကို မွှေးကြူတာကြောင့် အမြင်အာရုံ စူးစိုက် နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။စံပယ်ပန်း ရနံ့ ဟာ ဦး နှောက် အရှေ့ ဘက်ရှိ ဘီတာလှိုင်းတွေကို လှုံ့ ဆော်ပေး နိုင်တာကြောင့် လန်းဆန်း တက်ကြွမှု ဖြစ်ပေါ် စေတာပါ။
၁၀)အောက်ဆီဂျင်ရအောင် လှုပ်ရှားပါ
မျက်စိ ကျန်းမာပြီး သက်သောင့်သက်သာ ရှိစေဖို့ အောက်ဆီဂျင် လိုအပ်ပါတယ်။ဒါကြောင့် အောက်ဆီဂျင် ရရှိအောင် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ပေးပါ။လေ့ကျင့်ခန်း လုပ်တာကြောင့် စက္ခုအာရုံကြောကို
အောက်ဆီဂျင် ထောက်ပံ့မှု ကောင်းစေကာ မျက်စိတွင်း ဖိအားကို လျော့ကျစေပါတယ်။ဒါ့အပြင် ပုံမှန် လှုပ်ရှားမှု လုပ်သူတွေက အထိုင်များသူတွေထက် မက်ကူလာ ယိုယွင်းမှု ဖြစ်နိုင်ခြေ ၇၀%
လျော့နည်းကြောင်း ဝီကွန်ဆင် တက္ကသိုလ်မှ လေ့လာသူတွေက ရှင်းပြပါတယ်။
ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) G ood Health----22.2.2012-28.2.2012
Posted by: mingala at 1.3.13 No comments:
Labels: Good Health
နာကျင်မှုဝေဒနာ အတွက် အိမ်တွင်း ကုထုံးများ
နာကျင်မှု ဝေဒနာ အတွက် အိမ်တွင်း ကုထုံးများ
လေ့လာမှုတွေ အရ ကျွန်မတို့ လူသား အားလုံးရဲ့ ၅၀%ကျော်ဟာ နာကျင်မှု ဝေဒနာကို အပတ်စဉ် ခံစားရလေ့ ရှိတယ် လို့ သိရှိရပါတယ်။သင်ရဲ့  နာကျင်မှု ဝေဒနာတွေကို သင့်မီးဖိုချောင် ဒါမှမဟုတ် သင့်ရေခဲသေတ္တာထဲက ပစ္စည်းတွေ အသုံးပြုတာ နဲ့ ပျောက်ကင်း နိုင်တဲ့ အကြောင်းကို သုတေသန ပြုချက်အရ သက်သေပြထား နိုင်တာမို့ နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါ တယ်။
(၁)ရေယုန် ပေါက်နေသလား? ပျားရည် အသုံးပြုပါ။
ရေယုန် ဖြစ်နေရင် အနာပေါ်ကို ပျားရည်နဲ့ တစ်နေ့ လေးကြိမ် တို့ ပေးပါက အနာကျက်တာဟာ ဆေးဝါး အသုံးပြုတာ ထက် ၄၃%မြန်ဆန် နိုင်ပါတယ်။ပျားရည်မှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ
ရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးကို ဖျက်ဆီး နိုင်လို့ ပါလို့ လေ့လာမှု ပြုသူတွေက ဆိုပါတယ်။
(၂)ကြွက်သားတွေ တောင့်တင်း ညောင်းညာ နေပါသလား? ခရမ်းချဉ်သီး ဖျော်ရည်သောက်ပါ။ အမျိုးသမီး ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ခြေထောက် ကြွက်တက် တတ်ပါတယ်။ညောင်းညာ ကိုက်ခဲနေရင်ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်ကို နေ့ စဉ် သောက်ပေးပါ။ခရမ်းချဉ်သီး ဖျော်ရည်မှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်တွေကြောင့် ၁၀-ရက် အတွင်း ကြွက်သား တောင့်တင်းတာ သက်သာ သွားနိုင်ပါတယ်လို့ သုတေသန အရ တွေ့ ရှိထားခဲ့ပါတယ်။
(၃)ရေနွေးပူ လောင်နေပါသလား? လက်ဖက်ခြောက်အိတ် (tea bag)ကိုအသုံးပြုပါ။
လက်ဖက်ခြောက်မှာ ပါဝင်တဲ့ tannins တွေဟာ ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး အပူလောင်တာကြောင့် ဖြစ်တဲ့ နာကျင်မှု ဝေဒနာကို ငါးမိနစ် အတွင်း သက်သာသွားနိုင်ပါတယ်လို့ UCLAက ပြုလုပ်တဲ့ သုတေသန အရ သိရပါတယ်။အပူလောင်တဲ့ နေရာကို အရင်ဆုံး ဘုံပိုင်ရေနဲ့ နှစ်မိနစ်ခန့် စိမ်ထားပါ။ပြီးရင် စွတ်စိုပြီး အေးနေတဲ့ tea bagနဲ့ ပူစပ်ပူလောင် ဖြစ်နေတာ ပျောက်ကင်းတဲ့ အထိ ကပ်ထားပေးပါ။
(၄)လေပွပြီး အစာမကြေ ဖြစ်နေသလား?
နာနတ်သီးစားပါ။ နာနတ်သီးဟာ သဘာဝ ဆီးရွှင်ဆေး ဖြစ်တဲ့ အပြင် သူ့ မှာ ပါဝင်တဲ့ အစာခြေ အင်ဇိုင်းတွေက ပရိုတင်း ခေါ်တဲ့ အသား ဓာတ်တွေ အချဉ် မဖောက်နိုင်ခင်မှာပဲ ချေဖျက် ပေးနိုင်ပါတယ်။ နာနတ်သီး ဖျော်ရည် တစ်ခွက်သောက်တာဟာ ၇၂-နာရီ အတွင်း လေပွတာနဲ့ လေထိုးတာ သက်သာစေနိုင်တယ်လို့ Stanford တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။
(၅)ခါးကိုက်ခါးနာ ဖြစ်နေသလား?
စပျစ်သီးစားပါ။ အနီရောင် စပျစ်သီး တစ်ခွက်စားတာကြောင့် သွေးကြောတွေ relax ရရှိစေပြီး ခါးနောက်ကျော တစ်သျှူးတွေထံ သွေး ရောက်ရှိမှု များစေနိုင်တဲ့ အတွက် စားအပြီး သုံးနာရီ အတွင်း ပျက်စီးနေတဲ့ တစ်သျှူးတွေ ပြန်လည် ကောင်းမွန်လာကာ နာကျင် မှု ဝေဒနာ သက်သာ နိုင်ပါတယ်။
(၆)ရင်ပူနေသလား?
ရှာလကာရည်(Cider Vinegar) သောက်ပါ။
အစာ မစားခင်မှာ ထမင်းစားဇွန်း တစ်ဇွန်းစာ ရှာလကာရည်ကို ရေတစ်ဖန်ခွက်နဲ့ ရောစပ်ပြီး
သောက်ပေးပါက ရင်ပူ ဝေဒနာ ပျောက်ကင်း သွားနိုင်ပါတယ်။ရှာလကာရည်မှာ ပါဝင်တဲ့ အစာခြေ အက်စစ်တွေက အစာအိမ်မှ အစာတွေ အစာမျိုပြွန်ကို ဆန်မတက်ခင်မှာပဲ အစာအိမ်မှ ထွက်သွားစေနိုင်လို့ ပါလို့  Restoring your digestive health စာအုပ်ကို ရေးသားသူ Joseph, M.D က ဆိုပါတယ်။
(၇)ဒူးနာနေပါသလား? ချင်းစားပေးပါ။ ချင်းမှုန့် ထမင်းစားဇွန်း နှစ်ဇွန်း ဒါမှမဟုတ် ချင်းအနှစ် ဇွန်းတစ်ဝက်စာကို နေ့ စဉ် စားသုံးပေးရင် ခြောက်ပတ်အတွင်း ဒူးနာဝေဒနာ သက်သာနိုင်တယ်လို့  Miami တက္ကသိုလ်မှ လေ့လာမှု အရ အကြံပြု ထားပါတယ်။
TIPS ----ရေသောက်ဖို့ မမေ့ပါနှင့်
နေ့ စဉ် ဖန်ခွက် ရှစ်ခွက်စာ ရေသောက်တာကြောင့် တစ်ပတ်အတွင်း နာကျင်မှု ဝေဒနာ အများစု သက်သာသွားနိုင်ပါတယ်။ရေဟာ ဒဏ်ရာ ရရှိနေတဲ့ တစ်သျှူးတွေမှ ထွက်ရှိလာတဲ့ နာကျင်မှု ဝေဒနာကို လှုံ့ ဆော်တဲ့ ဓာတ်ပေါင်း histamine ကို အားပျော့ စေနိုင်ပြီး ခန္ဓာကိုယ်မှ ထွက်ရှိသွားအောင် ပြုလုပ် နိုင်လို့ ပါ။
ဒေါက်တာခင်မိုးမိုး
G ood Health----22.2.2012-28.2.2012
Posted by: mingala at 1.3.13 No comments:
Labels: Good Health
ပျော်ရွှင်မှု ကင်းမဲ့နေသလား
ပျော်ရွှင်မှု ကင်းမဲ့ နေသလား? သင့် ဦးနှောက်ထဲမှာ ပျော်ရွှင်စေမယ့် အာဟာရ လိုအပ်နေပါပြီ စိတ်ခံစားမှု မကောင်း ဖြစ်နေသလား။ ဘဝမှာ ပျော်ရွှင်မှု မရှိသလို ဖြစ်နေသလား။ စိတ်ခံစားမှုလည်း ကောင်းမွန်စေပြီး ဗိုက်လည်း ချပ်ရပ် စေမယ့် မှန်ကန်တဲ့ အာဟာရတွေကို စားပေးနိုင်ဖို့ စားသင့်တဲ့ အစာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
မြက်စား နွားမှ ရသည့် အမဲသားစားပါ
မြက်စားနွားက ရတဲ့ အမဲသားက ကောက်နှံစာ စားတဲ့ နွားကရတဲ့ အမဲသားထက်CLA(Conjugated Linoleic Acid) အဆင့်များများ ပါဝင်တာကြောင့် စိတ်ဖိစီးမှု ဟော်မုန်းတွေကို တွန်းလှန် ပေးနိုင်ပြီး ဝမ်းဗိုက် အဆီကို လျော့ကျစေပါတယ်။ မြက် စား အမဲသားမှာ နှလုံး ကျန်းမာစေ တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် အဆင့်များများ ပါဝင်တဲ့ အပြင် သံဓာတ် ပါဝင်မှုလည်း များ တာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေကာ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။
အရောင်ရင့်သည့် ချောကလက်စားပါ
ချောကလက်ရဲ့ အရသာဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပေမယ့် အရောင်ရင့်တဲ့ ချောကလက်မှာ ပါတဲ့ ကိုကိုးဟာ စိတ်ခံစားမှု၊အာရုံစူးစိုက် နိုင်စွမ်းနဲ့ ဦးနှောက်ဆီသို့ သွေးစီးဆင်းမှုကို ကောင်းမွန်စေတာကြောင့် စိတ်ဓာတ် တက်ကြွမှု ဖြစ်စေပါတယ်။အမည်းရောင် ချောကလက်မှာ ပါတဲ့ ကိုကိုးဟာ ဝမ်းဗိုက်အဆီကိုပါ လျော့ကျစေပါတယ်။ ဒါပေမဲ့ တစ်နေ့ မှာ လေးထောင့် တစ်ကွက်စာ ပမာဏပဲ စားသင့်ပါတယ်။
အဆီထုတ်ထားသည့် ဒိန်ချဉ်သောက်ပါ
အဆီထုတ်ထားတဲ့ ဒိန်ချဉ်မှာ ကယ်လ်စီယမ် ပါဝင်မှု မြင့်မားတာကြောင့် ဦးနှောက်ထဲရှိ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် အလုံအလောက် ရှိတာကြောင့် ပူပင်သောက၊စိတ်ဓာတ်ကျတာ၊စိတ်ဂနာမငြိမ်ဖြစ်တာ၊ မှတ်ဉာဏ် မကောင်းတာနဲ့ တွေးခေါ်နိုင်စွမ်း နည်းတာတွေကို လျော့ကျ စေနိုင်ပါတယ်။ဂရိဒိန်ချဉ်(Greek Yoghurt)မှာ ရိုးရိုး ဒိန်ချဉ်ထက် ပရိုတင်းဓာတ် ပိုမိုပါဝင်ပါတယ်။
ဖောလိတ်ဓာတ် ရရှိရန် ကညွတ် စားပါ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ထရစ်တိုဖန် ပါဝင်ပြီး ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် အထွက်တိုးစေတဲ့ အစွမ်း ရှိပါတယ်။တခြား ဟင်းသီးဟင်းရွက်တွေထက် ကညွတ်မှာ
ဖောလိတ်ဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် စိတ်ဓာတ်ကျတာကို လျော့ကျစေ နိုင်ပါတယ်။လေ့လာမှု အရ စိတ်ဓာတ်ကျနေသူ ၅၀%မှာ ဖောလိတ် အဆင့် လျော့နည်း နေတာကို တွေ့ ရှိခဲ့ရပါတယ်။
သကြားအစား ပျားရည် ထည့်ပါ
ပျားရည်မှာ ပါတဲ့ Quercetinနဲ့ Kaempferol တို့ ဟာ ရောင်ရမ်းမှုကို လျော့ကျစေကာ ဦးနှောက် ကျန်းမာရေး ကောင်းမွန်စေပြီး စိတ်ဓာတ်ကျတာကို တွန်းလှန် နိုင်ပါတယ်။ပျားရည်ဟာ သကြားထက် သွေးတွင်း သကြားဓာတ် အပေါ် သက်ရောက်မှု နည်းစေတာကြောင့် လက်ဖက်ရည်ထဲမှာ ပျားရည် နည်းနည်းထည့် သောက်နိုင်ပါတယ်။
လိုင်ကိုပင်း ရရှိမှု အားကောင်းစေရန် ခရမ်းချဉ်သီးနှင့် သံလွင်ဆီ တွဲစားပါ
အင်တီအောက်ဆီးဒင့် လိုင်ကိုပင်း ပါဝင်မှုများတဲ့ ခရမ်းချဉ်သီးဟာ ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ဓာတ်ကျစေတဲ့ ရောင်ရမ်းမှုကို တွန်းလှန် နိုင်ပါတယ်။လိုင်ကိုပင်းဟာ ခရမ်းချဉ်သီး အပေါ်ယံ အရေခွံထဲမှာ များများ ပါဝင်တာကြောင့် အရွက်သုပ် စားရင် ခရမ်းချဉ်သီး တစ်လုံး ထည့်ပါ။ခန္ဓာကိုယ်ဟာ ခရမ်းချဉ်သီးမှ လိုင်ကိုပင်း စုပ်ယူမှု အားကောင်း စေဖို့ သံလွင်ဆီ နည်း နည်းနဲ့ ရောပြီးစားသင့်ပါတယ်။
အုန်းသီး စားပါ
အုန်းသီးမှာ ပါတဲ့ အဆီဓာတ်ဟာ ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။အုန်းသီးကို ကယ်လိုရီများတဲ့ သရေစာတွေထဲမှာ အဓိက တွေ့ ရတတ်တာကြောင့် အသင့်အတင့်ပဲ စားပေးသင့်ပါတယ်။
ကြယ်စင်
သုဝဏ္ဏသာမ
မောင်ငယ် ညီမလေးတို့ရေ ဒီတလတော့ မမပေဖူးလွှာက မိဘစကား နားထောင်ပြီး မိဘကို ပြုစုလုပ်ကျွေးတဲ့ သုဝဏ္ဏသာမလေးရဲ့ အကြောင်းကို ပြောပြမယ်ကွဲ့။
ဟိုးရှေးရှေးတုန်းက ဟိမဝန္တာတောကြီးထဲက ကျောင်းသင်္ခမ်းတခုမှာ ရသေ့တပါးနဲ့ ရသေ့မတပါး သစ်သီးသစ်ဖုတွေကို စားသုံးပြီး တရားအားထုတ်လျက် ရှိတယ်ကွဲ့၊ သိကြားမင်းရဲ့ တိုက်တွန်းချက်အရ တနေ့မှာ သားယောက်ျားကလေး တယောက် ဖွားမြင်သတဲ့။ အဲဒီသားကလေးကို သုဝဏ္ဏသာမလို့ အမည်ခေါ်တွင်စေသတဲ့ကွယ်။
သားကလေး ငယ်စဉ်အရွယ်မှာ မိဘတွေ ရသေ့များ သစ်သီးသစ်ဖု သွားရှာနေတဲ့အချိန်မှာဆိုရင် ကိန္နရီများက နို့လာတိုက်ပေးကြသတဲ့ကွယ်။ အဲဒီလိုနဲ့ သုဝဏ္ဏသာမလေးဟာ တဖြည်းဖြည်း ကြီးပြင်းလာလိုက်တာ မိဘကို ပြုစုလုပ်ကျွေးနိုင်တဲ့အရွယ်ကို ရောက်ရှိသတဲ့ ကလေးတို့ရယ်။
တနေ့ တောထဲမှာ လေပြင်းမုန်တိုင်းတိုက်ခိုက်ပြီး ရသေ့နဲ့ ရသေ့မဟာ သစ်ပင်ကြီးအောက် မိုးဝင်ခိုရင်း မိုးခိုတဲ့နေရာရဲ့ တောင်ဘို့အောက်ထဲက မြွေဆိုးက အခိုးလွှတ်တာနဲ့ အဆိပ်ငွေ့သင့်ပြီး မျက်စေ့ ကွယ်ပါရောတဲ့ကွယ်။ အဲလို မျက်စိကွယ်သွားတဲ့ မိဘနှစ်ပါးကို သုဝဏ္ဏသာမလေးဟာ အစားအသောက် ရှာဖွေကျွေးမွေးရှာသတဲ့။ သုံးရေ ချိုးရေများကိုလည်း ခတ်ပြီး မိဘနှစ်ပါး အဆင်သင့်သောက်သုံးနိုင်အောင် ဂရုတစိုက် ပြုစုရှာသတဲ့ ကလေးတို့ရယ်။
သုဝဏ္ဏသာမလေးရဲ့ အဖော်လေးတွေကတော့ တောထဲမှာ သဘာဝအတိုင်း ကြီးပြင်းတဲ့ ရွှေသမင်လေးတွေပဲ ကလေးတို့ရဲ့၊ ရွှေသမင်လေးတွေဟာ သုဝဏ္ဏသာမလေးနဲ့အတူ သောက်သုံးရေ ဝိုင်းခတ်ပေးနေကျ သတဲ့ကွယ်။
တနေ့တော့ သမင်သားကို အလွန်ကြိုက်နှစ်သက်တော်မူတဲ့ ဗာရာဏသီပြည့်ရှင် ပီဠိယက္ခမင်းကြီးဟာ သမင်သားစားချင်တာနဲ့ ရေသောက်ဆင်းလာသည့် သမင်အုပ်ကို အမဲပစ်ရန် ထွက်လာသတဲ့ကွယ်။
သမင်သား အလွန်တရာကြိုက်တဲ့ဘုရင်ကြီးဟာ သမင်အုပ်နဲ့အတူ ရေခပ်ဆင်းလာတဲ့ သုဝဏ္ဏသာမလေးကို တွေ့သတဲ့။ တောတောင်ထဲမှာ ဆိုတော့ သုဝဏ္ဏသာမလေးကို လူလို့ မထင်မိဘူးပေါ့။
တိုတိုပြောရရင်တော့ သမင်သားကြိုက်တဲ့ ဘုရင်ကြီးဟာ သုဝဏ္ဏသာမလေးကို အမြင်မှားပြီး မြားနဲ့ခွင်းလိုက် ပါရော ကလေးတို့ရယ်။
သုဝဏ္ဏသာမလေး မြားထိခွေကျသွားတဲ့အခါမှ ဘုရင်ကြီးဟာ လူမှန်းသိသတဲ့။ လူမှန်းသိတဲ့အခါမှာ ဘုရင်ကြီးဟာ အရမ်းတုန်လှုပ်သွားတာပေါ့ ကလေးတို့ရယ်။
ဘုရင်ကြီးကို တွေ့တော့ သုဝဏ္ဏသာမလေးဟာ သူ့ရဲ့မြှားမှန်တဲ့ဒဏ်ရာကို မပူပင်ဘဲနဲ့ ကျောင်းသင်္ခမ်းမှာ ကျန်ရစ်ခဲ့တဲ့မျက်မမြင် မိဘနှစ်ပါးကို ပူပင်သောကရောက်ကြောင်း ပြောသတဲ့ကွယ်။
“မျက်မမြင် မိဘနှစ်ပါးဟာ အချိန်တန်လို့ သား-ပြန်မလာရင် သောကရောက်မှာ စိုးရိမ်မိကြောင်းပါဘုရား” လို့ ပြောသတဲ့။ ဘုရင်ကြီးလည်း အင်မတန်မှ စိတ်မကောင်းဖြစ်တော်မူတယ်တဲ့ ကလေးတို့ရယ်။ ကလေးတို့ဆိုရင်ရော မြှားမှန်တာ မပြောနဲ့ ဓားကလေး လက်ကို ရှရင်တောင် ငိုနေကြမှာပဲလားကွယ်။
သုဝဏ္ဏသာမလေးဟာ ဘယ်လောက် သနားစရာကောင်းလိုက်သလဲကွယ်။ ကလေးတို့ရော သုဝဏ္ဏသာမလေးလို မိဘကို စိတ်ပူကြဖူးကြသလားကွယ်၊ မမပုံပြင်လေးကို ဆက်ပြောမယ်နော်။
စိတ်မကောင်းကြီးစွာ ဖြစ်မိတဲ့ ဘုရင်ကြီးဟာ ကျောင်းသင်္ခမ်းကို လိုက်သွားပြီး အကျိုးအကြောင်း ပြောပြသတဲ့။ သားလေး သုဝဏ္ဏသာမ မြားမှန်တယ်လို့ သိကြတဲ့အခါမှာ မျက်မမြင် ရသေ့မိဘနှစ်ပါးဟာ သားကလေး မြားမှန်လို့ လဲကျနေတဲ့ဆီကို အမြန်ပို့ခိုင်းကြသတဲ့ကွယ်။
သုဝဏ္ဏသာမလေး အနားရောက်လျှင် ရသေ့တို့သည် သားကလေး သုဝဏ္ဏသာမအတွက် တတွတ်တွတ်ပြောဆိုရင်း သစ္စာဆိုကြသတဲ့။
“ငါ့သား သုဝဏ္ဏသာမသည် ကုသိုလ်တရားကို ကျင့်၍ မိနှင့်ဘကို လုပ်ကျွေးပြုစု၍ လူကြီးများကို ရိုသေပါ၏။ ဤမှန်ကန်သော သစ္စာတရားကြောင့် ချစ်သားသုဝဏ္ဏသာမသည် မြားအဆိပ်ပြေပါစေသတည်း”လို့ သစ္စာဆိုကြသတဲ့။
အဲဒီလို ရသေ့မိဘနှစ်ပါးက သစ္စာဆိုတဲ့အခါ သုဝဏ္ဏသာမဟာ လူးလွန့်လှုပ်ရှားလာပြီး အနည်းငယ် အိပ်ပျော်သွားသတဲ့။
သုဝဏ္ဏသာမလေး အိပ်ပျော်နေချိန်မှာ ယခင် ခုနစ်ဘဝက မိခင်တော်စပ်ဖူးတဲ့ ဗဟုသုန္ဒရီ နတ်သမီး ရောက်လာပြီး သစ္စာဆိုသတဲ့ ကလေးတို့ရယ်။
ကလေးတို့ စဉ်းစားကြည့်စမ်းပါကွယ်။ ယခုဘဝ ရသေ့မိဘနှစ်ပါးသာမက အရင်ဘဝ မိခင်နတ်သမီးကပါ ရောက်လာပြီး သစ္စာဆိုတယ်ဆိုတာ သုဝဏ္ဏသာမကလေးဟာ ဘဝတိုင်း ဘဝတိုင်းမှာ မိဘအပေါ် လိမ္မာသိတတ်တဲ့ ကလေးဖြစ်လို့ပေါ့ ကလေးတို့ရယ်။
မိဘတွေ သစ္စာဆိုအပြီးမှာ သုဝဏ္ဏသာမလေးလည်း မြားဆိပ်ပြေပြီး ထထိုင်သတဲ့။ သုဝဏ္ဏသာမလေးရဲ့ မျက်စိကွယ်နေတဲ့ မိဘနှစ်ပါးလည်း မျက်စိ ပြန်မြင်သွားသတဲ့ကွယ်။
သုဝဏ္ဏသာမကို မြားနှင့်ပစ်မိတဲ့ ဘုရင်ကြီးလည်း သစ္စာတရားကို အံ့သြလွန်းလို့ သူအင်မတန် ကြိုက်တဲ့ သမင်သားကိုပါ မစားဘဲ စွန့်လွှတ်ပြီး တရားရသွားကာ တိုင်ပြည်သို့ ပြန်သွားပါလေရောလား ကလေးတို့ရယ်။
မိဘပေါ်မှာ သိတတ် လိမ္မာတဲ့ သုဝဏ္ဏသာမကလေးကတော့ မိဘတွေနဲ့အတူ ဒဏ်ရာတွေလည်း ပျောက်ပြီး မိဘနှစ်ပါးကို ပြုစုရင်း အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားသတဲ့ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ဒီပုံပြင်လေးကို ကြည့်ပါဦး ကလေးတို့ရယ်။ မိဘအပေါ် ပြုစုသိတတ်တဲ့ သားသမီးဟာ မြားမှန်တာတောင် အသက်ဘေးက လွှတ်ခဲ့သတဲ့။ ကလေးတို့လည်း ကျောင်းကနေ အိမ်ပြန်ရောက်တဲ့အခါကျရင် မိဘကို ပြုစုကြနော်။
မိဘကို ပြုစုပြီး မိဘစကားကို နားထောင်တဲ့ ကလေးဆိုရင် ဘာအန္တရာယ်မှ မဖြစ်ဘဲ အပြစ်ဖြစ်ရင်တောင်မှ အပြစ်က လွတ်တယ် ကလေးတို့ရဲ့။ ကလေးတို့တတွေလည်း မိဘကို ပြုစုတဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေ ဖြစ်ကြပါစေကွယ်။
မမပေဖူးလွှာ
(ပေဖူးလွှာ-၂၀၁၀-ဧပြီလ)
Posted by: mingala at 20.8.11 No comments:
Labels: ဇာတ်ကြီးဆယ်ဘွဲ့, ဗေဒင်
Monday, August 16, 2010
( ၃ ) သုဝဏ္ဏသာမ ဇာတ်တော်ကြီး
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
တတိယစကားလုံးဖြစ်သည့် (သု) ဟူသည်မှာ သုဝဏ္ဏသာမ-၏ ဘ၀အကြောင်းကို ဆိုလိုသည်။
ဗာရာဏသီပြည်အနီး မိဂသမ္မဒါမြစ်ကမ်း၏ တဘက်တချက်တွင် တံငါရွာကြီး နှစ်ရွာရှိသည်။ ထိုနှစ်ရွာတွင် တံငါအကြီးအကဲ တဦးစီရှိသည်။ ထိုတံငါအကြီးအကဲတို့သည် တဦးနှင့်တသီး ခင်မင်သည်။ မိမိတို့၏ သားသမီးများ အရွယ်ရောက်လျှင် အချင်းချင်း လက်ဆက်ထိမ်းမြားပေးရန် ကတိက၀တ်ပြုထားကြလေသည်။
တံငါအကြီးအကဲ တယောက်တွင် ဒုကူလ သတို့သားကို ဖွားမြင်ပြီး အခြားတယောက်တွင် ပါရိကာ သတို့သမီးကို ဖွားမြင်ပါသည်။ ဒုကူလနှင့်ပါရိကာတို့သည် ဗြဟ္မာပြည်မှလာသူများဖြစ်ကြ၍ ကာမဂုဏ်ကို အလိုမရှိကြချေ။ အရွယ်ရောက်လာကြ၍ နှစ်ဘက်မိဘသဘောတူ လက်ထပ်ပေးကြသော်လည်းကာမဂုဏ်၌ ပျော်မွေ့ လိုက်စားခြင်း မရှိကြချေ။
မိဘများကွယ်လွန်ပြီးနောက် နှစ်ဦးတိုင်ပင်ကာ တောထွက်ကြသည်။ ဒုကူလနှင့်ပါရိကာတို့ တောထွက်လာသည်ကို သိကြားမင်းက သိမြင်သည်။ ထို့ကြောင့် ၀ိသကြုံနတ်သားကို စေလွှတ်ကာ ကျောင်းသင်္ခမ်း ဖန်ဆင်းထားစေသည်။ တရားရှာရန် တောထွက်လာသူများသည် ကျောင်းသင်္ခမ်းကို၎င်း၊ ကျောင်သင်္ခမ်းတွင်းရှိ သင်္ကန်းပရိက္ခရာတို့ကို၎င်း သုံးဆောင်နိုင်ပါကြောင်း ရေးသားထားလေသည်။
ဒုကူလနှင့် ပါရိကာတို့သည် ရေးသားထားသော ကမ္ဗည်းအက္ခရာတို့ကို ဖတ်၍ နတ်တို့၏တန်ခိုးကြောင့်ဖြစ်သော လျှော်တေသင်္ကန်းကို ၀တ်၍ ရသေ့ပြုကာ တရားဓမ္မကျင့်ကြံအားထုတ် နေထိုင်ကြလေသည်။
ဤဒုကူလနှင့် ပါရိကာသူမြတ် နှစ်ယောက်တို့သည် တနေ့တွင် မျက်စိကွယ်ကာ ဘေးသင့်မည့်အကြောင်းကို သိကြားမင်း သိရှိလေသည်။ ထို့ကြောင့် သိကြားမင်းကိုယ်တိုင်ပင် ကျောင်းသင်္ခမ်းသို့လာပြီး သားထောက်သမီးခံ ရရေးအတွက် လူတို့၏အကျင့်ဖြစ်သော မေထုန်မှုဖြင့် ကိုယ်လက်နှီးနှောပါရန် လျှောက်ထားတိုက်တွန်းသည်။ ဒုကူလနှင့် ပါရိကာတို့က အပြင်းအထန် ငြင်းဆိုပါသည်။
သို့နှင့် သိကြားမင်းက ပါရိကာ ဥတုလာသောအချိန်တွင် ဒုကူလ-က ပါရိကာ၏ ချက်တော်ကို လက်တော်နှင့် သုံးသပ်စေသည်။ ထိုသို့ သုံးသပ်သောအခါ ဘုရားအလောင်းသည် နတ်ပြည်မှစုတေခဲ့၍ ပါရိကာ ရသေ့မ၏ ၀မ်း၌ ပဋိသန္ဓေ ကိုယ်ဝန် စွဲယူလေ၏။ ဆယ်လလွန်သောအခါ ရွှေအဆင်းနှင့်တူသော သားယောက်ျားလေး တယောက်ကို ဖွားမြင်လေသည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် ဘုရားလောင်းအား သုဝဏ္ဏသာမ-ဟူသော အမည်ကို မှည့်ကြလေကုန်၏။
ဒုကူလနှင့် ပရိကာတို့က သုဝဏ္ဏသာမကို ကျောင်းတွင်ထားကာ တောတွင်းသို့သွား၍ သစ်သီးသစ်ဥ ရှာဖွေသည်။ ထိုအခါ ကိန္နရီ ကိန္နရာတို့က သုဝဏ္ဏသာမသတို့သားကို ပြုစုစောင့်ရှောက်ကြသည်။ ရေးချိုးပေးသည်။ နံ့သာလိမ်းပေးသည်။ ပန်းဖြင့်လုပ်သော ဒန်းတွင်အိပ်စက်စေသည်။ နို့ချိုတိုက်သည်။ နတ်အများကလည်း ၀ိုင်းဝန်းစောင့်ရှောက်ပေးကြလေသည်။
သုဝဏ္ဏသာမ ၁၆-နှစ်သို့ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်လျက် ကျောင်းသင်္ခမ်း၌ နေစေလျက် မိမိတို့အလိုလိုသာလျှင် တောသစ်သီး သစ်မြစ်တို့ကို ရှာအံ့သောငှါ တောသို့သွားကြလေကုန်၏။
တနေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့်-တောထဲသို့ အရဲစွန့်ကာ လိုက်ရှာရင်း အဖေ-အမေ ဟု အော်ခေါ်လေ၏။ တနေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီးမိုးကြီးကျလို့ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်ထိုင်လိုက်သည့်အခါ တောင်ပို့ထဲက မြွေဆိုး အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး မျက်စိကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါ သုဝဏ္ဏသာမသည် ငိုလဲငို၏၊ ရယ်လဲရယ်၏။
(ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်ရွယ်နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။
ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့် ရခြင်းကြောင့်တည်း။) ဟု ဆို၏။
ထို့နောက် သုဝဏ္ဏသာမသည် မိဘတို့အား အားပေးစကား ပြောဆိုရင်း ကျောင်သင်္ခမ်းသို့လက်တွဲကာ ခေါ်ဆောင်သွားလေသည်။ ကျောင်းသင်္ခမ်းသို့ပြန်ရောက်လျှင် သုဝဏ္ဏသာမသည် မိဘများ တနေရာမှ တနေရာသို့ သွားရလွယ်ကူစေရန် ကြိုးတန်း တန်းပေးခြင်း၊ သောက်ရေနှင့် သစ်သီးများ အနား၌ ချပေးခြင်း စသည်တို့ကို ဆောင်ရွက်လေတော့သည်။
နောက်တနေ့မှစ၍ ကျောင်းသင်္ခမ်းတွင် သန့်ရှင်းရေးလုပ်ကာ မိဘတို့အတွက် လိုရာကိစ္စများပြုလုပ်ပြီးလျှင် သမင်အဖော်များကို ခေါ်၍ တောထဲသို့ သစ်သီးရှာ ထွက်သွားလေ့ရှိသည်။
သုဝဏ္ဏသာမသည် နေ့စဉ်နေ့တိုင်း ရေခပ်ထွက်သောအခါ အဖော်ဖြစ်သော သမင်များကလည်း ၀ိုင်းဝန်းကူညီကြလေသည်။
တနေ့သောအခါ သမင်သားကို အလွန်နှစ်သက်သော ပီဠိယက္ခမင်းကြီးသည် မယ်တော်ကို ခေတ္တနန်းအပ်ကာ သမင်များကို လိုက်လံပစ်ခတ်စားသောက်ရင်း ရသေ့များ၏ ကျောင်းသင်္ခမ်းနားသို့ ရောက်လာ၏။
ညနေဘက်၌ သမင်ခြေရာများ အလွန်ပေါသော မြစ်ကမ်းစပ်တွင် သမင်များကိုပစ်ရန်ချောင်းနေစဉ် သုဝဏ္ဏသာမသည် သမင်များနှင့်အတူ ရေခပ်ဆင်းလာသည်ကို တွေ့လေသော်-လူလော နတ်လော မစူးစမ်းနိုင်တော့ဘဲ မြှားဖြင့်ပြစ်လိုက်လေတော့၏။
သုဝဏ္ဏသာမသည် မြှားထိသဖြင့် မိခင်ဖခင်ရှိရာသို့ ဦးခေါင်းထား၍ သဲသောင်ခုံပေါ်တွင် ခွေကျသွားပြီး အော်၍ ညည်းတွားမိလေသည်။ သမင်တို့သည် ကြောက်လန့်၍ ထွက်ပြေးကြကုန်၏။
ဤတွင်မှ ပီဠိယက္ခမင်းလည်း လူသားစစ်စစ်မှန်း သိသည်။ သုဝဏ္ဏသာမ မိန်းမောခြင်းသို့ မရောက်မီ ပီဠိယက္ခမင်းနှင့် သုဝဏ္ဏသာမတို့ အပြန်အလှန် စကးဆိုဖြစ်ကြသည်။ ဒေါသမရှိသော၊ ရန်လိုခြင်း မရှိသော၊ သိမ်မွေ့နူးညံ့သော သုဝဏ္ဏသာမ၏ ဖြစ်အင်ကို ကြားသိရသောအခါ ယခင်က စိတ်ဓာတ်ကြမ်းတမ်း မာန်တက်သော ပီဠိယက္ခမင်းကြီး၏ စိတ်ဓာတ်သည်ပင်လျှင် များစွာပျော့ပျောင်း၍ သွားလေသည်။ ထို့ကြောင့် သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား လုပ်ကျွေးမည်ဖြစ်ကြောင်း ကတိပြုလေသည်။
ဒုကူလနှင့် ပါရိကာတို့၏ ကျောင်းသင်္ခမ်းသို့ ပီဠိယက္ခမင်းကြီး ရောက်သွားလေသည်။ သား သုဝဏ္ဏသာမ မဟုတ်ကြောင်း ရသေ့နှစ်ပါးတို့ ချက်ချင်းပင်သိသည်။ အပြန်အလှန် စကားဆိုဖြစ်ကြသည်။ ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမ၏ ကိုယ်စား လုပ်ကျွေးပြုစုမည်ဖြစ်ကြောင်း ပြောသည်။ ဒုကူလ နှင့် ပါရိကာတို့က လက်မခံချေ။ သုဝဏ္ဏသာမရှိရာသို့ ပို့ပေးရန် တောင်းပန်သည်။
ပီဠိယက္ခမင်းလည်း လိုက်၍ပို့သည်။ သဲသောင်ခုံပေါ်တွင် လဲလျောင်းနေသော သားသုဝဏ္ဏသာမကို စမ်းသပ်မိကြသည်။ အသက်မသေသေးကြောင်း သိသည်။ သို့နှင့် ဒုကူလ နှင့် ပါရိကာတို့သည်၎င်း၊ ဘုရားလောင်း သုဝဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက်သော ကိုယ်၏အဖြစ်၌ မိခင်တော်စပ်ခဲ့ဖူးသော ဗဟုသုန္ဒရီ နတ်သမီးသည်၎င်း သစ္စာအဓိဋ္ဌာန်ပြုကြသည်။ သစ္စာ၏တန်ခိုး အာနုဘော်ကြောင့် မြားဆိပ်တို့ လျောကျသည်။ သုဝဏ္ဏသာမလည်း အသက်ဘေးမှ လွတ်မြောက်လေသည်။သိကြားမင်းကပါ ဆုပေးသည်။ ဒုကူလနှင့် ပါရိကာတို့ပါ မျက်စိနှစ်ကွင်း အလင်းရကြသည်။
သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား သီလစောင့်ရန်၊ အလှူဒါနပြုရန်၊ တိုင်းသူပြည်သားကို ရင်ဝယ်သားနဲ့မခြား မေတ္တာထား၍ မင်းကျင့်တရားနှင့် အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန် ဟောကြားလေသည်။ ဗဟုသုန္ဒရီနတ်သမီးနှင့် အခြားနတ်အပေါင်းတို့အားလည်း တရားရေအေး တိုက်ကျွေးလေသည်။ ထိုအချိန်မှစ၍ ပီဠိယက္ခမင်းကြီးသည် သမင်သားတပ်မက်ခြင်းကို စွန့်၍ တရားရကာ တိုင်းပြည်သို့ ပြန်လေတော့၏။
မိဘကျေးဇူးကို သိတတ်သူတို့အား ဘေးဒုက္ခအန္တရာယ်အပေါင်းမှ လွတ်မြောက်မြဲဖြစ်ပါသည်။ မျက်မှောက်ဘ၀၌၄င်း၊ သံသရာ၌၄င်း ကောင်းကျိုးချမ်းသာကို ခံစားရမြဲ ဖြစ်ပါသတည်း။
မှတ်ချက်။
အကျယ်ကိုသိလိုမူ မင်းဘူးဦးသြဘာသ-ရေး ဇာတ်ကြီးဆယ်ဘွဲ့ ပထမအုပ်၌ ကြည့်လေ။
Posted by: mingala at 16.8.10 No comments:
Labels: ဇာတ်ကြီးဆယ်ဘွဲ့
Thursday, August 12, 2010
( ၂ ) မဟာဇနကဇာတ်တော်ကြီး
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
ဒုတိယစကားလုံးဖြစ်သည့် (ဇ) ဟူသည်မှာ မဟာဇနက-မင်းသား၏ ဘ၀အကြောင်းကို ဆိုလိုသည်။
ရှေးအခါက မိတ္ထီလာပြည်တွင် စိုးစံသည့် အရိဋ္ဌဇနကမင်းနှင့် ညီတော် အိမ်ရှေ့စံမင်းသား ပေါလဇနကတို့သည် တပါးနှင့်တပါး အထင်အမြင်လွဲမှားကြပြီး စစ်ထိုးကြလေသည်။ ထိုစစ်ပွဲတွင် နောင်တော်ဘုရင်ကြီး ကျဆုံးလေသောကြောင့် ကိုယ်ဝန်အရင့်အမာရှိသော မိဖုရားသည် ဆင်းရဲသူမယောင်ဆောင်ပြီး ထွက်ပြေးလေရာ ကာလစမ္ပါနဂိုပြည်သို့ ရောက်သွား၏။
မြို့ပြင်ဇရပ်တခုတွင် ရပ်နားနေခိုက် ဒိသာပါမောက္ခဆရာကြီးနှင့် ဆုံမိ၍ အကျိုးအကြောင်းပြောပြသဖြင့် ပါမောက္ခကြီးက ကြင်နာသနားစိတ်ဝင်ကာ အိမ်တွင်နေထိုင်ရန် လက်ခံထားလိုက်လေသည်။ များမကြာမီ မိဖုရားကြီးတွင် သားတော်တပါး ဖွားမြင်လေရာ မဟာဇနကဟု အမည်ခေါ်တွင်စေလေသည်။
ကျောင်းနေစဉ် အခြားကျောင်းသားတချို့က မင်းသားလေးအား မုဆိုးမသား-ဟု မကြာခဏ လှောင်ပြောင်ကြရာ မခံမရပ်နိုင်ဖြစ်သဖြင့် မယ်တော်မိဖုရားကြီးအား မေးလေရာ သားတော်မှာ ငယ်ရွယ်သူဖြစ်နေသေး၍ ပထမသော် လှည့်ပတ်ပြောဆိုထားသော်လည်း အချိန်အရွယ်ရောက်လာသောအခါ၌ကား ဖြစ်ရပ်ကုန်စင် ဖွင့်ဟပြောလိုက်လေသည်။
ထိုနေ့မှစ၍ မဟာဇနကမင်းသားလေးသည် မိမိ၏ဘ၀မှန်ကို သိရှိပြီး ထီးစိတ်နန်းစိတ် ဇာတိမာန်ပေါ်လာကာ ဖခမည်းတော်၏ ထီးနန်းကို မတရားသိမ်းပိုက်ထားသော ဦးရီးတော်ပေါလဇနကကို စစ်ခင်းတိုက်ခိုက်ပြီး ထီးမွေနန်းမွေကို ပြန်ရအောင်လုပ်ရမည်ဟု ကြံစည်ကာ မယ်တော်ပါလာခဲ့သောပစ္စည်းများကိုယူ၍ တိုးပွားအောင်ပြုလုပ်ရန် သင်္ဘောကုန်သည်များနှင့် အတူ ထွက်သွားလေသည်။
မင်းသားလေးလိုက်ပါသွားသော သင်္ဘောသည် ပင်လယ်သမုဒ္ဒရာထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ် သောကြောင့် အက်ကွဲ ရေ၀င်ပြီး တဖြည်းဖြည်း နစ်လေရာ အခြားသောကုန်သည်များသည် ကြောက်အားလန့်အားဖြင့် ရေထဲသို့ ခုန်ချကြလေသည်။
သတိကြီးသော မဟာဇနကမင်းသားကား စိတ်အေးအေးထားကာ အားအင်ပြည့်စေမည့် ထောပတ်များကို စား၏။ အင်္ကျီပုဆိုးများကိုလည်း ရေလုံစေရန် ထောပတ်များဖြင့် လူးလိုက်၏။ ထို့နောက် ဘုရား တရား သံဃာ မိဘ ဆရာသမားများကို ရည်စူး၍ ကန်တော့တိုင်တည်ပြီး သီလဆောက်တည်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးမှ-
ရွက်တိုင်ထိပ်ဖျားသို့တက်သွားကာ ငါးမန်း ငါးတန်များ လွတ်ရာဖက်သို့ ရှိသမျှအားယူလျက် ခုန်ချလိုက်၏။
ဇွဲ လုံ့လ ၀ီရိယ ကြီးစွာဖြင့် နေ့ရောညပါ မနေမနား ကူးခတ်ရာ ရေမျောပါလာသော အစားအစာတွေ့လျှင်ပင် နေ့လွဲညစာဖြစ်နေက သီလအပျက်မခံဘဲ စိတ်တင်းကာ မစားဘဲနေလေသည်။
မဟာဇနကသည် ယောက်ျားတို့ဇွဲ သေကာမှလျှော့မည်-ဟု ဇွဲကြီးစွာဖြင့် ကူးခတ်ရင်း ခုနစ်ရက်မြောက်သော နေ့၌ သမုဒ္ဒရာပင်လယ်ပြင်တွင် ဒုက္ခကြုံနေသော သူတော်ကောင်းများကို ကူညီရန် တာဝန်ရှိသော မဏိမေခလာနတ်သမီးက ပွေ့ချီကာ မိတ္ထီလာပြည် ဥယျာဉ်တွင်းရှိ ကျောက်ဖျာထက်၌ သိပ်ထားပြီး အ၀တ်ခြုံထားခဲ့၏။
(ထိုနေ့သည်ကား) မိတ္ထီလာပြည်နန်းတွင်း၌ ပေါလဇနကမင်းကြီး နတ်ရွာစံပြီး ခုနစ်ရက်မြောက်သောနေ့ဖြစ်၏။ ထီးမွေနန်းမွေခံရန် သားတော်မရှိသဖြင့် ဖုဿရထားလွှတ်ရန် စီစဉ်နေကြသည်။
ဖုဿရထားသည် ရွှေနန်းတော်ကို လက်ယာရစ် သုံးပတ်ပတ်၍ မြို့တွင်းသို့လှည့်ပြီးလျှင် မမျှော်လင့်ဘဲ မြို့တံခါးမှ မြို့ပြင်သို့ ထွက်သွားသဖြင့် တာဝန်ကျသော မှူးမတ်ခြွေရံများမှာ ရင်တမမဖြင့် ပြေးလိုက်ရတော့သည်။
ဥယျာဉ်တော်အတွင်းရှိ မဟာဇနကမင်းသား အိပ်ပျော်နေသော ကျောက်ဖျာသို့ ဖုဿရထားဆိုက်ရာ ထိုက်တန်သူမင်းသား ဟုတ်-မဟုတ် စမ်းသပ်လို၍-
တူရိယာပညာရှင်များ တပြိုင်နက်တီးမှုတ်၍ ပြိုင်တူထွက်ပေါ်လာသော တူရိယာသံများကြောင့် နိုးလာသော်လည်း မင်းသွေးပင်ဖြစ်သဖြင့် မဟာဇနကမင်းသားမှာ တုန်လှုပ်ခြင်းမရှိဘဲ မျက်စိဖွင့်ကြည့်ကာ ပရိသတ်ကြီးကို မြင်သော်လည်း စိတ်အေးလက်အေးနှင့်ပင် နံတောင်းတဖက်သို့သာ ပြောင်းအိပ်လိုက်သည်။
ပုရောဟိတ်ပုဏ္ဏားများက အ၀တ်လပ်နေသော ခြေဖ၀ါးကိုကြည့်ကာ ခြေခဏာဖတ်ကြပြီး ဘုန်းလက်ရုံး ဉာဏ်ပညာနှင့် ပြည့်စုံသော မင်းယောက်ျားပင် ဧကန်ဖြစ်ရမည်-ဟုဆိုကာ မင်းမြောက်တန်ဆာငါးပါး ဆက်ကပ်ဝတ်ဆင်စေလျက် မင်းခမ်းမင်းနားဖြင့် ခေါ်သွားကြလေသည်။
ထို့နောက် ၀တ္တရားရှိသည့်အတိုင်း ပေါလဇနကမင်းကြီး၏ သမီးတော်ထံ အကြောင်းစုံကို လျှောက်တင်စေလေရာ-
သမီးတော်က မင်းလောင်းဆိုသူကို အကဲခတ်လို၍ ထိုသူအား အဆောင်တော်သို့ လာတွေ့ရန် အကြောင်းကြားလေသည်။
အထိန်းတော်က ထိုသို့ အကြိမ်ကြိမ်အကြောင်းကြား လျှောက်တင်သည်ကို မဟာဇနကသည် မကြားလေဟန်ဆောင်ကာ မှူးမတ်များနှင့် စကားပြောမြဲသာ ပြောနေလိုက်သည်။
အထိန်းတော်ကြီးပြန်သွား၍ အတန်ကြာမှသာ မိမိအလိုအတိုင်း ရွှေနန်းဆောင်များသို့ လျှောက်ကြည့်လေဟန်ဖြင့် သွားရာ သမီးတော်သီဝလိဒေ၀ီအဆောင်နား ရောက်လျှင်-
လာရောက်ဦးညွတ်သော သီလ၀ိဒေ၀ီအား ရွှေလက်တော်တွဲ၍ ရွှေပလ္လင်ထက်တွင် ထိုင်လိုက်စဉ် ဦးရီးတော်ပေါလဇနကမင်းကြီး၏ အလိုတော်ကျ မှူးကြီးမတ်ရာများ တင်လျှောက်သော ပြဿနာများကို ဖြေဆိုနိုင်သဖြင့် သမီးတော် သီဝလိဒေ၀ီနှင့် ရွှေဂဟေဆက်၍ နန်းတက်ပွဲသဘင် ဆင်ယင်လေသည်။
မင်းအဖြစ်သို့ရောက်လျှင် ကာလစမ္ပာနဂိုပြည်သို့ရောက်နေသော မယ်တော်မိဖုရားကြီးအား၎င်း၊ ဒိသာပါမောက္ခကြီးအား၎င်း၊ မိတ္ထီလာပြည်သို့ပင့်ကာ သူကောင်းပြု၍ တရိုတသေ ကိုးကွယ်ထားလေသည်။
မဟာဇနကမင်းနှင့် သီဝလိဒေ၀ီမိဖုရားတို့သည် သားတော်တပါးရသောအခါ ၀မ်းမြောက်ဝမ်းသာရှိကြ၍ မြပုခက်တင်ကာ ဒီဃာဝုမင်းသား-ဟု ခေါ်တွင်စေသည်။
ဒီဃာဝုမင်းသားလေး အတတ်ပညာစုံ၍ အသက် ၁၆-နှစ် ပြည့်သောအခါ သူ့ကိုအိမ်ရှေ့မင်းအရာ အပ်နှင်းလေတော့သည်။
တနေ့ မဟာဇနကမင်းကြီးသည် သားတော်ကိုခေါ်ကာ ဥယျာဉ်နန်းသို့ စံမြန်းရန်သွားစဉ် အ၀င်ဝ၌ အသီးများ ပြွတ်သိပ်စွာ သီးနေသော သရက်ပင်ကိုတွေ့ရာ မင်းကြီးနှင့် အိမ်ရှေ့မင်းသားပါ ဆွတ်ခူးစားသောက်ပြီးဖြစ်သဖြင့် နောက်မှပါလာသော ခြွေရံသင်းပင်းများကလည်း ခူးခွင့်ရပြီဖြစ်ရာ သူ့ထက်ငါ ပျော်ရွှင်စွာ ဆွတ်ယူစားသောက်ကြကုန်၏။
သစ်ခက်တဲနန်းတွင် တနေကုန်စံမြန်းပြီးမှ ညနေဘက်၌ ပြန်လာရာ ဥယျာဉ်ဝရှိ ပြွတ်သိပ်စွာသီးနေသော သရက်ပင်မှာ အခက်အလက်များ ကျိုးပဲ့ပျက်စီးနေသည်ကိုတွေ့၍ အကျိုးအကြောင်းကိုမေးလေရာ အသီးရှိသည့်အတွက် ထိုကဲ့သို့ဖြစ်ရကြောင်း ဘေးနားက အပင်ကား အသီးမရှိသည့်အတွက် ထိုကဲ့သို့ မဖြစ်ရကြောင်း လျှောက်တင်ကြလေသည်။
ထိုအချိန်မှစ၍ မင်းကြီးသည် ငါတို့၏ မင်းစည်းစိမ်ကား အသီးပြွတ်စွာသီးနေသော သရက်ပင်နှင့် တူလေစွတကား၊ ရန်သူများနှင့် နေ့စဉ်ဆက်ဆံနေရသော ဘ၀မျိုး ဖြစ်တော့သည်တကား။ ရန်သူနှင့်ကင်းသော အဖြစ်ကား ရသေ့ရဟန်းဘ၀ပင်တည်း။ အသီးလုံးဝမသီးသော သရက်ပင်နှင့်တူ၏။
ငါလည်း သက်တော်ကြီးလေပြီ၊ ထို့ကြောင့် အသက်အရွယ် နုပျိုသေးသော သားတော်ကို ရွှေနန်းစည်းစိမ် အပ်နှင်းကာ ရသေ့ဝတ်လဲ၍ တောထွက်အံ့ဟု မိန့်တော်မူကာ မကြာမီ တောထွက်သွားလေတော့သတည်း။
Posted by: mingala at 12.8.10 No comments:
Labels: ဇာတ်ကြီးဆယ်ဘွဲ့
Monday, August 9, 2010
(၁) တေမိယဇာတ်တော်ကြီး
( ဇာတက-)
ဇာတ်-ဟူသောစကားမှာ ဇာတက-ဟူသောပါဠိမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဖြစ်တော်ဟူ၍ အဓိပ္ပါယ်ရှိသည်။ ပါဠိလို ဇာတက-မှာ မြန်မာလိုအားဖြင့် ဗုဒ္ဓ၏ ဘုရားလောင်းဘ၀ အဖြစ်တော်စဉ်များကို ဖော်ပြဟောကြားထားရာ ကျမ်းပင် ဖြစ်သည်။ သို့ရာတွင်-
၁။ တေမိယဇာတကသည် ဘုရားအလောင်းတော် တေမိမင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၂။ ဇနကဇာတကမှာ ဘုရားအလောင်းတော် ဇနက မင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၃။ သုဝဏ္ဏသာမဇာတကမှာ ဘုရားအလောင်းတော် သုဝဏ္ဏသာမ၏ ဘ၀အဖြစ်တော်စဉ်။
၎။ နေမိယဇာတကမှာ ဘုရားအလောင်းတော် နေမိမင်း၏ ဘ၀အဖြစ်တော်စဉ်။
၅။ မဟောသဓဇာတကမှာ ဘုရားအလောင်းတော် မဟောသဓာ၏ ဘ၀အဖြစ်တော်စဉ်။
၆။ ဘူရိဒတ္တဇာတကမှာ ဘုရားအလာင်းတော် ဘူရိဒတ်နဂါးမင်း၏ ဘ၀အဖြစ်တော်စဉ်။
၇။ စန္ဒကုမာရဇာတကမှာ ဘုရားအလောင်းတော် စန္ဒကုမာရမင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၈။ နာရဒဇာတကမှာ ဘုရားအလောင်းတော် နာရဒ၏ ဘ၀အဖြစ်တော်စဉ်။
၉။ ၀ိဓူရဇာတကမှာ ဘုရားအလောင်းတော် ၀ိဓူရသုခမိန်၏ ဘ၀အဖြစ်တော်စဉ်။
၁၀။ ဝေဿန္တရဇာတကမှာ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီး၏ ဘ၀အဖြစ်တော်စဉ်တို့ပင် ဖြစ်သည်။
( နုမှာငါးရာ ရင့်မှာတစ်ကျိပ်-)
ဗုဒ္ဓဘာသာတို့တွင် နုမှာငါးရာ ရင့်မာတကျိပ်-ဟု ဆိုရိုးစကားတခုရှိသည်။ အဓိပ္ပါယ်မှာ ဘုရားအလောင်းတော်၏ ပါရမီတော်များ၊ ဖြည့်ကျင့်တော်မူနေစဉ် ပါရမီတော်နုစဉ်ဘ၀ အဖြစ်တော်စဉ်များနှင့် ဘုရားဖြစ်ခါနီး ပါရမီတော်များ ရင့်ကျက်ချိန် အဖြစ်တော်စဉ်ဘ၀များကို မှတ်သားသိရှိကြစေရန် ဆိုရိုးစကားပြုခဲ့ကြခြင်း ဖြစ်သည်။
ဘုရားရှင်သည် ပါရမီတော်များ ပြည့်ကာ သဗ္ဗညုတရွှေဉာဏ်တော်ရပြီး ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောအခါ ဘုရားအလောင်းတော် ဘ၀တုန်းက အဖြစ်တော်စဉ်များကို အကြောင်းအားလျော်စွာ တပည့်သာဝက စသည်တို့အား ပြန်လည်၍ ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ပြန်လည်ဟောဖော်ခဲ့သော အတိတ်အလောင်းလျာ ဘ၀အဖြစ်တော်စဉ်များကို ဇာတက အမည်ဖြင့် ပိဋကတော်တွင် ကျမ်းတစောင်ရှိသည်။
( ဇာတ်တော်တို့` အရေအတွက် )
ဇာတကကျမ်း၌ ၀တ္ထုပေါင်း ၅၄၇-ပုဒ၊ ကဏ္ဍပေါင်း ၁၁-ခုရှိသည်။
ပထမကဏ္ဍကို ဧကနိပါတ (ဧကနိပါတ်) ဟုခေါ်သည်။
ဂါထာတပုဒ်သာ ပါရှိသောောကာင့် ဧကနိပတါဟုခေါ်ခြင်း ဖြစ်သည်။
ဂါထာနှစ်ပုဒါပါသည်ကို ဒုကနိပါတ်၊ သုံးပုဒ်ပါသည်ကို တိကနိပါတ်၊ လေးပုဒ်ပါသည်ကို စတုက္ကနိပတ်၊ ငါးပုဒ်ပါသည်ကို ပဉ္စကနိပါတ်၊ ခြောက်ပုဒ်ပါသည်ကို ဆက္ကနိပါတ်၊ စသည်ဖြင့် ဂါထာအရေအတွက်အလိုက် အမည်ပေးထားသည်။
အရေအတွက်အားဖြင့်
ဧကနိပါတ်တွင် ဇာတက (၀တ္ထု) ၁၅၀-ပါရှိသည်။
ဒုကနိပါတ်၌ ၁၀၀။
တိကနိပါတ်၌ ၅၀။
စတုက္ကနိပါတ်၌ ၅၀။
ပဉ္စကနိပါတ်၌ ၂၅။
ဆက္ကနိပါတ်၌ ၂၀။
သတ္တကနိပါတ်၌ ၂၁။
အဋ္ဌကနိပါတ်၌ ၁၀။
န၀ကနိပါတ်၌ ၁၂။
ဒသကနိပါတ်၌ ၁၆။
ဧကာဒသကနိပါတ်၌ ၉။
ဒွါဒသကနိပါတ်၌ ၁၀။
တေရသကနိပါတ်၌ ၁၀။
ပကိဏ္ဏကနိပါတ်၌ ၁၃။
ဝီသတိနိပါတ်၌ ၁၄။
တိံသနိပါတ်၌ ၁၀။
စတ္တာလီသနိပါတ်၌ ၅။
ပဏ္ဏာသနိပါတ်၌ ၃။
သဋ္ဌိနိပါတ်၌ ၂။
သတ္တတိနိပါတ်၌ ၂။
အသီတိနိပါတ်၌ ၅။
မဟာနိပါတ်၌ ၁၀-ပါရှိသည်။
စုစုပေါင်း ဇာတက ၅၄၇ ဖြစ်သည်။
ထို ၅၄၇-ဘ၀တွင် နုစဉ်ဘ၀ပေါင်း ၅၃၇-ဘ၀နှင့် အရင့်အမာဘ၀ ၁၀-ဘ၀ ပါဝင်သည်။ ဤသည်တို့ကိုပင် စုပေါင်းကာ မှတ်သားရ လွယ်ကူစေခြင်းငှာ နုမာငါးရာ ရင့်မှာတကျိပ်-ဟု ပြောစမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဇာတ်တော်ငါးရာ့ငါးဆယ် မပြည့်ဘဲ ၅၄၇-သာရှိသည်။ ထိုဇာတ်တော်များသည် မြန်မာမှုနယ်ပယ်၌ ဇာတ်တော် ၅၅၀-နှင့် ဇာတ်တော်ကြီး ၁၀-ဘွဲ့ဟု ထင်ရှားသည်။
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။
ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-
( ဇာတ်တော်အစဉ် )
၁။ (တေ) တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
၂။ (ဇ) မဟာဇနကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
၃။ (သု) သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊
၎။ (နေ) နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊
၅။ (မ) မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
၆။ (ဘူ) ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
၇။ (စန်) စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
၈။ (နာ) နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
၉။ (၀ိ) ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊
၁၀။ (ဝေ) ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
(ကျမ်းပြီးခုနစ် အစဉ်)
စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊
ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊
ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊
တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့် အတိုကောက်များ ဖြစ်ကြသည်။ ပထမစကားလုံးဖြစ်သည့် (တေ) ဟူသည်မှာ တေမိယ-မင်းသား၏ ဘ၀အကြောင်းကို ဆိုလိုသည်။
ရှေးအခါက ကာသိကရာဇ်မင်းကြီးနှင့် စန္ဒာဒေ၀ီမိဖုရားတွင် တေမိယကုမာရ-ခေါ် မင်းသားလေးတပါး ဖွားမြင်လေသည်။ သားတော်ဟူ၍ ဤတပါးပင်ရှိသည်။
ငယ်စဉ်က ခမည်းတော် ကာသိကရာဇ်မင်းကြီးသည် တနေ့တွင် တေမိယမင်းသားလေးကို ရင်ဝယ်ထားလျက် ခိုးသားလေးဦးကို ထိတ်လန့်ဖွယ် ပြစ်ဒဏ် အမျိုးမျိုးခတ်လေသည်။
ထို့နောက် ထီးဖြူအောက်တွင် ချသိပ်ထားစဉ် မင်းသားငယ်သည် ထိုသို့ သူတပါးအား ထိတ်လန့်ဖွယ် ပြစ်ဒဏ် စီရင်ရခြင်းများကို မနှစ်မြို့သဖြင့် စိတ်အဆင်းရဲကြီး ဆင်းရဲကာ မှိန်း၍ ဤသို့စဉ်းစားမိ၏။
ဘုရားလောင်းဖြစ်၍ နောက်နောက် ဘ၀များကို ပြန်လည်တွေးမြင်နိုင်စွမ်းရှိလေသည်။
ငါသည်လည်း တနေ့တွင် ဘုရင်လုပ်ရချေဦးမည်။ ဤသို့ သူတပါးအား အပြစ်ဒဏ်စီရင်ရာ၌ အကယ်၍ မှားယွင်းစွာစီရင်မိအံ့ ငါ့၌ ဆင်းရဲပူပန်မှုရောက်လတံ့။ ငါသည် ယခင်ဘ၀က မင်းပြုကာ ပြစ်ဒဏ်များကို မှားယွင်းစွာစီရင်မိသဖြင့် ငရဲပြည်တွင် ကြာမြင့်စွာ ခံခဲ့ရသလို ယခုတဖန် ခံရဦးမည်၊ ယခု မည်သို့ကြံရမည်နည်း။
ထိုအချင်းအရာကို ယခင် ၇-ဘ၀က မိခင်တော်စပ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး တွေ့သိ၍ ကိုယ်ထင်ပြပြီးလျှင် မေးမြန်းရာ ဘုရင်မလုပ်လိုသော ဆန္ဒကို သိရသဖြင့်-
မင်းသားသည် ငရဲလားမည့်ဘေးကိုသာ တွေးကြောက်လှလေသောကြောင့် ထိုနေ့မှစ၍ နတ်သမီးအကြံပေးချက်အတိုင်း ဆွံ့အ နားထိုင်းသူများကဲ့သို့ မလှုပ်မယှက် ကြောင်တက်တက် နေထိုင်လိုက်တော့သည်။
ထိုအချင်းအရာကို အထိန်းတော်များ တွေ့ကြသော် မိဖုရားကြီးထံ ချက်ချင်းဝင်၍ သံတော်ဦးတင်လေလျှင်-
မိဖုရားကြီးသည် ကိုယ်တိုင်ကိုယ်ကျ သားတော်အား စမ်းသပ်ပြီးနောက် ဧကန်အမှန်ဖြစ်ကြောင်း သိရှိရသောကြောင့် ဘုရင်ကြီးထံ ချဉ်းကပ်ပြီး အကျိုးအကြောင်း တင်ပြသောအခါ ဘုရင်ကြီးက
ပုဏ္ဏားတော်များအား သားတော်လေး စကားပြောရန် အမျိုးမျိုးပြုလုပ်စေ၏။
အစားအသောက် ကစားစရာတို့ဖြင့် မြူဆွယ်သော်လည်း မရ။
ပွဲတော်တည်ချိန် မကြွေးဘဲ ငိုအောင်ထားသော်လည်း မငို၊
ထိတ်လန့်တုန်လှုပ်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ပျော်ရွှင်မြူးတူး၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ဒေါသထွက်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ချစ်မေတ္တာစိတ် ယိုဖိတ်၍ ရယ်ပြုံးအောင်လုပ်သော်လည်း မရ၊
ကျွမ်းဘား မျက်လှည့် ရုပ်သေးပွဲများဖြင့် စမ်းသပ်သော်လည်း မတုန်လှုပ်၊
ဆင်လိမ္မာများ၊ အစွယ်မဲ့ မြွေများ၊ လက်နက်များ မီးများဖြင့် စမ်းသပ်သော်လည်း မကြောက်၊
တင်လဲလူးခြင်း၊ အပုပ်နံ့ပေးခြင်း၊ မှိုင်းတိုက်ခြင်းပြုသော်လည်း မရ၊
လှပသော မိန်းမပျိုများနှင့် ဆိတ်ကွယ်ရာတွင် တွေ့ဆုံစေသော်လည်း မရ။
မင်းသားလေး စိတ်ထဲတွင်ကား ငရဲခံရသည်ကိုသာ မြင်နေသည်။
မင်းသားလေး ၁၇-နှစ်သို့ရောက်သည့်တိုင် ထူးခြားမှုမရှိဖြင့် ပုဏ္ဏားတော်များအား ခေါ်ယူပြောဆိုရာ ပုဏ္ဏားတော်များက-
မင်းသားလေး တည်ရှိနေမည်ဆိုလျှင် အရှင်မင်းကြီးသည်၎င်း၊ မိဖုရားကြီးသည်၎င်း၊ တိုင်းပြည်သည်၎င်း၊ ပျက်စီးခြင်းသို့ ရောက်ပါလိမ့်မည်။ ဤဘေးဆိုးကြီးက လွတ်မြောက်လိုက မင်းသားအား မြေတွင်း၌ မြှုပ်နှံရပါမည်-ဟု လျှောက်တင်သောအခါ ဘုရင်ကြီး တုန်လှုပ်ချောက်ချားသွား၏။
ထိုအခါ မိဖုရားကြီးက မင်းသားအား စိတ်ပြောင်းစေရန် ထီးနန်းစည်းစိမ်ဖြင့် အပ်နှင်းလေသည်။ သို့သော် ၇-ရက်စေ့သည့်တိုင် မထူးခြားသဖြင့် ဘုရင်ကြီးက ဒေါသထွက်ပြီး ရထားမှူးကိုခေါ်၍ နက်ဖြန်နံနက် မိုးသောက်လျှင် ဤမင်းသားအား ဘုရင်အသုံးအဆောင်ချွတ်၍ တောရပ်မြိုင်လယ်သို့ ရထားနှင့် ခေါ်ဆောင်သွားပြီး တွင်းတူးမြေမြှုပ်စေ-ဟု အမိန့်တော်မှတ်သည့်အတိုင်း ရထားမှူးလည်း အမိန့်တော်ကို မလွန်ဆန်နိုင်သဖြင့် တေမိယမင်းသားကို ခေါ်သွားပြီး တွင်းတူးနေစဉ်-တွင်းအထက်မှ အသံကြား၍ မော့ကြည့်လိုက်ရာ-
အိုရထားမှူး ဘာကိစ္စအတွက် တွင်းတူနေရသနည်း-
သင် မင်းမှုထမ်းသည် အပြစ်လည်းလွတ်၍ ဆုလာဘ်များပင် ရစေခြင်းငှါ ယခုပင်လျှင် ရွှေနန်းတော်သို့ပြန်၍ အကြောင်းစုံ သံတော်ဦးတင်လော့-ဟု မင်းသားဆိုလေသော် ရထားမှူးသည် ၀မ်းပန်းတသာဖြင့် အမြန်သွားလေတော့၏။ ခမည်းတော် မည်တော်နှင့်တကွ အားလုံး ၀မ်းသာမဆုံးရှိကြ၏။
ဘုရင်မင်းကြီးသည် သားတော်အား တောတွင်း၌ပင် ဘိသိက်သွန်း နန်းအပ်ကာ ပြန်ခေါ်မည်ဟုကြံစည်၍ အချိန်ယူလျက် မင်းခမ်းမင်းနားပြည့်စုံစွာ ဖန်တီးစေပြီးမှ သားတော်ရှိရာ တောရပ်မြိုင်ခြေသို့ လေးရက်မြောက်သောနေ့၌ ကြွချီတော်မူလေသည်။
ခရီးဆိုက်၍ သားတော် တေမိမင်းသားမှာ ရသေ့ဝတ်နှင့်ဖြစ်နေသည်ကို တွေ့လျှင် ၀တ်ပြုလျက်-
သားတော် တောတွင်း၌ အဘယ်ကဲ့သို့သော အစာအာဟာရများ မှီဝဲနေရ၍ ဤမျှအသားအရေ အရောင်အဆင်း ၀င်း၍ ကြက်သရေမင်္ဂလာ ဆောင်ပါသနည်း။
ဖခမည်းတော် တောတွင်း၌ ဆားမပါသော သစ်ရွက်စိမ်းကိုသာ မှီဝဲရပါသည်။
အရောင်အဆင်းဟူသည်ကား-စိတ်ငြိမ်သက်သောသူ၊
ပူပင်သောက ဒေါသကင်း၍ တပ်မက်ခြင်းမရှိသူများအတွက်သာ ဖြစ်သည်။
ကောင်းပေစွ သားတော် ခမည်းတော်သည်ပင် ဤသောကကင်းဝေးသော ရသေ့ဘ၀ကို လိုလားလာချေပြီ။ သားတော်ကား အသက် နုပါသေး၏။ တရားဓမ္မလည်း ပြည့်ဝ၏။ ထို့ကြောင့် ခမည်းတော် တောထွက်နိုင်စေ ခြင်းငှါ ထီးမွေနန်းမွေ လက်ခံပြီး နုပျိုစဉ် ရွှေနန်းစည်းစိမ် ခံစားပါ။ အသက်ကြီးလာမှ သားတော်ရှိက သားတော်ကို နန်းအပ်ကာ တောထွက်မည်ဆိုလျှင် တိုင်းသူပြည်သားများအားလည်း ကူညီရာရောက်မည် မဟုတ်ပါလော။
အို ဖခမည်းတော် သတ္တ၀ါတို့မည်သည် ကြီးသည် ငယ်သည်မဟုတ် သေခြင်းဘေးက အချိန်မရွေး လာသည်မဟုတ်ပါလော၊ ရွှေနန်းစည်းစိမ်ကိုလည်း ခံစားလိုစိတ် မရှိ၍ ဆွံ့အ နားထိုင်းဟန် နေခဲ့ပြီ။ စသည်ဖြင့်
တေမိယ ရသေ့လေးက အကျယ်တ၀င့် တရားပြပြီးသည့်အဆုံး၌ ဘုရင်ကြီး မိဖုရားကြီးနှင့် တကွ အားလုံးသော မင်းချင်းတို့ ကျွတ်တန်းဝင်ကာ ရသေ့ဝတ်ကြကုန်သတည်း။
Posted by: mingala at 9.8.10 No comments:
Labels: ဇာတ်ကြီးဆယ်ဘွဲ့
Saturday, March 20, 2010
(၁) ဇနကဇာတ်
ဇာတ်ကြီးဆယ်ဘွဲ့တွင် ပါဝင်သော ဇနကဇာတ်ကို ပန်းချီဆရာကြီး ဦးစန်းလှိုင်-က သရုပ်ဖော်ရေးဆွဲထားသည်။ ဇနကဇာတ်အကျဉ်းကို တင်ပြအပ်ပါသည်။
ရှေးသရောအခါ ၀ိဒေဟရာဇ်တိုင်း မိထိလာပြည်တွင် မဟာဇနကမင်းကြီး နန်းစံသည်။ ထိုမင်းကြီး နတ်ရွာစံလျှင် သားတော်ကြီး အရိဋ္ဌဇနက မင်းပြု၍ သားတော်ငယ် ပေါလဇနကကို အိမ်ရှေ့အရာ ပေးသည်။
ထိုသို့ပြုရာမှ နောင်တော်မင်းသည် သူတပါးကုန်းချောမှုကြောင့် ညီတော်ကို မယုံကြည်၍ ဖမ်းဆီးရာမှ ညီနောင်နှစ်ဦး စစ်ပြိုင်ကြသည်။ နောင်တော် စစ်ရှုံး၍ စစ်ပွဲ၌ ကျဆုံးသွားသည်။ မိဖုရားကြီးလည်း ကိုယ်ဝန်အရင့်အမာရှိနေရာ သူဆင်းရဲအသွင်ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားရသည်။
မိဖုရားကြီးသည် ကာလစမ္ပာနဂိုရ်ပြည်သို့ ရောက်သွားသည်။ ဒိသာပါမောက္ခ ဆရာကြီးက ပြုစုစောင့်ရှောက်ထားသည်။ အချိန်ရောက်သော် ဘုရားလောင်း သားတော်ကို ဖွားမြင်သည်။ မဟာဇနက-ဟု အမည်ပေးသည်။
မဟာဇနကမင်းသား အရွယ်ရောက်လျှင် ခမည်းတော်၏ မိထိလာပြည်ကို ပြန်သိမ်းနိုင်ရန် ဥစ္စာများ စုဆောင်းသည်။ ဥစ္စာများရရန် သင်္ဘောဖြင့် ကုန်ကူးထွက်သည်။ ပင်လယ်ခရီးလမ်းတွင် လေပြင်းကျကာ သင်္ဘောနစ်သည်။ မင်းသားလည်း ဇွဲလုံ့လ မလျှော့။ အနိုင်မခံ အရှုံးမပေး။ ပင်လယ်တွင် ကူးခတ်သည်။ ပင်လယ်စောင့် မဏိမေခလာ နတ်သမီးက လျစ်လျူရှု၍ မထားနိုင်။ မင်းသားကို ဆယ်တင်၍ မိထိလာပြည်သို့ ပို့ဆောင်ကာ ကျောက်ဖျာထက်၌ တင်ထားခဲ့သည်။
ထိုအချိန်တွင် ပေါလဇနကမင်းကြီး နတ်ရွာစံသွားသည်မှာ ၇-ရက်ရှိပြီ ဖြစ်သည်။ သားတော် မရှိ၊ သမီးတော် သီဝလိဒေ၀ီ တပါးသာ ကျန်ရစ်သည်။ ထို့ကြောင့် မင်းလောင်းရှာရန် ဖုတ်သွင်းရထား စေလွှတ်ထားသည်။ ရထားသည် ဇနကမင်းသား အိပ်စက်ရာ ကျောက်ဖျာ၌ ဆိုက်၍ မင်းသားကို နန်းတော်သို့ ခေါ်ဆောင်သွားသည်။
ဇနကမင်းသားလည်း ရာဇပလ္လင်၏ ဦးခေါင်းဘက်ကို ပြနိုင်ခြင်း၊ လေးတော် တင်နိုင်ခြင်း၊ ရွှေအိုး ၁၆-လုံးကို ဖော်ပေးနိုင်ခြင်းဖြင့် အစွမ်းပြခဲ့သည်။ အားလုံးပင် မင်းသားကို ဘုန်းရှင်၊ ကံရှင်မှန်း သိကာ နန်းတင်ကြသည်။
မဟာဇနကမင်းသည် မင်းပြုနေရာမှ တနေ့သော် သရက်ဥယျာဉ်သို့ ထွက်စဉ် သံဝေဂရသွားသည်။ နန်းစည်းစိမ်ကို မပျော်ပိုက်တော့ဘဲ တောထွက်ရန် ဆုံးဖြတ်လိုက်သည်။ နန်းတော်အထက် ပြာသာဒ်၌ ရဟန်းပြုပြီးလျှင် တောသို့ ထွက်ကြွသွားသည်။ မိဖုရားနှင့် အခြွေအရံများသည် တောသို့လိုက်၍ တောင်းပန်ကြသော်လည်း ဘုရားလောင်း မဟာဇနကမင်းက လက်မခံ။ နန်းတော်သို့ ပြန်မကြွ။ တော၌သာပင် တရားအားထုတ်နေထိုင်လေသည်။
အကိုး။ ။ ၅၅၀-ဇနကဇာတ်။
(မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)
စေတနာကောင်းမှ လာဘ်ရ၏
ရှေးအခါက ဘုရားလောင်းသည် ပေါက်ပင်ကြီးတစ်ပင်တွင် ရုက္ခစိုးနတ် ဖြစ်နေ၏။
ဆင်းရဲသား ပုဏ္ဏား တစ်ဦးသည် ပေါက်ပင်ကြီး၏ ခြေရင်း အမှိုက်သရိုက်များကို ခုတ်ထွင်ရှင်းလင်း၏၊
ပန်း၊ ဆီမီး၊ အမွှေးတိုင်များဖြင့်လည်း ပူဇော်၏၊ ထို့နောက်...
“ချမ်းသာစွာ အိပ်ရပါ၏လော...ဟု ဆိုလျှက် ပြန်သွား၏”
တစ်နေ့ ပုဏ္ဏားအိုတစ်ဦး ရောက်လာ၏၊
အို ပုဏ္ဏားငယ် စိတ်မရှိ ကြားမှုမရှိသည့် ပေါက်ပင်ကို အဘယ်ကြောင့် ပူဇော်ရသနည်း...ချမ်းသာစွာ အိပ်ရပါ၏လော-ဟု မေးရသနည်း၊
အဘပုဏ္ဏား
အကျွန်ုပ်သည် ချမ်းသာလို၍ ပူဇော်ခြင်း ဖြစ်ပါသည်၊ ဤအပင်၌ နတ်များရှိ၏၊
ထိုအခါ ပုဏ္ဏားအိုသည်
ဖန်ဆင်းထားသော ပုဏ္ဏားအိုအသွင်မှ နတ်အသွင် ပြလိုက်သည်၊
ပုဏ္ဏားငယ် ငါသည် ဤအပင်စောင့် နတ်ဖြစ်၏၊ မကြောက်လင့်...သင့်အား ဥစ္စာတို့ကို ငါပေးအံ့။
ထိုသို့ပြောဆိုကာ ပျောက်ကွယ်သွား၏။
မကြာမီ ပုဏ္ဏားငယ်သည် အိမ်အောက်မှ ရွှေအိုးများကို တူးဖော်ရရှိ၏၊
ထို့ကြောင့် မိမိလည်း သုံးစွဲ၊ အလှူအတန်းလည်းလုပ်၊ သီလလည်း ဆောက်တည်ကာ ထာဝရချမ်းသာသွား ခဲ့ပေသည်။ စေတနာကောင်း၍ ပုဏ္ဏားငယ်မှာ လာဘ်ဥစ္စာများ ရရှိခြင်း ဖြစ်ပါသည်။
(စတုတ္ထနိပါတ် ပလာသဇာတ်)
Posted by: mingala at 4.7.12 No comments:
Labels: ငါးရာ့ငါးဆယ် မှတ်သားဖွယ်
Tuesday, May 1, 2012
ဆရာကို ရန်ငြိုးထားသော မင်းသား
တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားရန် လာရောက်နေကြသော တပည့်များတွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ သားတော် မင်းသားတစ်ပါးလည်း ပါရှိသည်။ တစ်နေ့သောညအခါ မင်းသားသည် ဆရာကြီးနှင့်အတူ မြစ်ဆိပ်သို့ ရေချိုးရန် လိုက်ပါသွားရာ လမ်းခရီး အိမ်တစ်အိမ်ရှေ့တွင် အဖြူချွတ်၍ သန့်စင်စွာ နေလှန်းထားသော နှမ်းဖျာကို တွေ့သဖြင့် နှမ်းတစ်ဆုပ်ကို နှိုက်ယူထား၍ စားလိုက်သည်။
Read more »
မင်္ဂလာသတင်းစဉ်
ပုံပြင် ( ၁၀ )
( ထူးခြားသော စကားလက်ဆောင် )
အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍ ရသေ့ကြီး ပြန်ကြွမည်အပြုတွင် ကုန်သည်သူဋ္ဌေးကြီးက ရသေ့ကြီးအား
အရှင်ရသေ့၊ ပြန်မကြွမီ တပည့်တော်အား တန်ဖိုးရှိသော အဆုံးအမသြ၀ါဒ စကားလေးများ ပြောကြားတော်မူပါ-ဟု ပန်ကြားသည်။
ရသေ့ကြီးက-သူဋ္ဌေးမင်း၊ နောက်တပတ် ဒီလိုအချိန်တွင် ကျွန်ုပ်ကို စောင့်ပါ၊ ထိုအခါ သင်လိုချင်သော တရားအဆုံးအမစကားကို ကျွန်ုပ်မြွက်ကြားမည်။ ယခုသော် ကျွန်ုပ်အတွက် ခရီးဆက်ရန် တာဝန်ရှိ၍ ခွင့်ပြုပေဦးလော့-ဟု ဆိုကာ ကြွသွားလေသည်။
ထိုနေ့မှစ၍ သူဋ္ဌေးကြီးလည်း ရသေ့ကြီး မှာကြားသည့်ရက်ကို လက်ချိုးရေတွက်၍ စောင့်၏၊ တပတ်ကြာသော် ရသေ့ကြီးသည် သူဋ္ဌေးကြီးအိမ်သို့ ဆိုက်ရောက်လာသည်၊ သူဋ္ဌေးကြီးလည်း ကောင်းမွန်သော ချိုချဉ်ခဲဘွယ် ဘောဇဉ်များ လောင်းလှူရန် အထူးစီစဉ်ထားသည်။
ရသေ့ကြီးကြွလာသော် ဆွမ်းလောင်းရန် သပိတ်ကို ဖွင့်လိုက်၏၊ ထိုအခါ ရသေ့ကြီး၏ သပိတ်ထဲတွင် နွားချေးခြောက်များ၊ အမှိုက်သရိုက်များနှင့် ရှုပ်ထွေး ညစ်ပေနေသည်ကို တွေ့ရ၏။ သူဋ္ဌေးကြီးက ရွံရှာလျက်-
ရှင်ရသေ့၊ သပိတ်ထဲမှာ အမှိုက်သရိုက်နဲ့ အညစ်အကြေးများ ပြည့်နှက်နေလို့ပါလား-ဟု ဆို၏။
ထိုအခါ ရသေ့ဆရာကြီးက-သူဋ္ဌေးကြီး၊ သင့်ရဲ့ ဆန္ဒအရ လောင်းလှူစရာရှိတာကိုသာ လောင်းလှူပါ၊ ကျန်သည့်အရေးအတွက် သင်မှာ တာဝန်မပိုသင့်ပါ-ဟု ဆို၏။
သူဋ္ဌေးကြီးက အို-ဒီလိုအညစ်အကြေးတွေနဲ့ ပြည့်နက်နေတဲ့ သပိတ်ထဲကို တပည့်တော် အလွန်ကောင်းမွန်သော ဆွမ်းခဲဘွယ်တွေ လောင်းလှူလိုက်လျှင် အညစ်အကြေးတွေ ဖြစ်သွားမှာပေါ့၊ အရှင်ဘုရား သပိတ်တော်ကို ဆေးကြောသုတ်သင်ပြီးမှ တပည့်တော်ရဲ့ ဆွမ်းခဲဘွယ်ကို လောင်းလှူပါရစေ-ဟု ဆို၏။ ထို့နောက် ရသေ့ဆရာကြီး၏ သပိတ်ကို ရေဖြင့်စင်ကြယ်စွာ ဆေးပြီး ဆွမ်းခဲဘွယ် ချိုချဉ်များကို လောင်းလှူလိုက်သည်။
သူဋ္ဌေးကြီး ဆွမ်းလောင်းလှူပြီးသောအခါ ရသေ့သည် သူ၏သပိတ်ကိုပိုက်ကာ ကြွသွားမည်ပြု၏။
သူဋ္ဌေးကြီးက အရှင်ရသေ့ကြီး၊ ဟိုတခါက ဆိုခဲ့သောစကားကို မေ့လျော့နေပြီ ထင်ပါတယ်၊ တပည့်တော်ကို အဆုံးအမစကား ပြောမယ်ဆိုလို့ တပည့်တော်စောင့်နေတာ တပတ်တိတိ ရှိနေပါပြီ-ဟု ဆို၏။
သြော်-ဒါများလား၊ သင့်ကို ကျွန်ုပ်ပေးခဲ့တဲ့ စကား အဆုံးအမလက်ဆောင် မရသေးဘူးလား၊ ကျွန်ုပ် သင်လိုချင်တဲ့ အဆုံးအမ စကားလက်ဆောင်ကို မကြာသေးခင်သောအချိန်ကပဲ ပေးခဲ့ပြီးပါပြီ၊ အသင် သတိမမူ၍ ဂူမမြင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။
ကျွန်ုပ်ရဲ့ သပိတ်မှာ အညစ်အကြေး အမှိုက်သရိုက်တွေရှိလို့ ကောင်းမွန်တဲ့ ဆွမ်းခဲဘွယ်များကို သင်မလောင်းခဲ့ဘူး မဟုတ်လား။ ဒီလိုပဲ သင့်ရဲ့အတွင်းစိတ်မှာ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတွေ ပြည့်လျှံနေတယ်၊ ဒါတွေကို အရင် စင်ကြယ်အောင်လုပ်ပါ၊ ဒါမှ သင်-ကောင်းကျိုးတွေ ရလိမ့်မယ်။
ဤသို့ဆိုကာ ရသေ့ကြီး ထွက်ခွါသွားပါတော့သည်။ ထိုအခါမှ သူဋ္ဌေးကြီးသည် ရသေ့ကြီး၏ အဆုံးအမကို ကောင်းစွာနားလည်သဘောပေါက်သွားသည်၊ ရသေ့ကြီးအား များစွာ ကြည်ညိုလေးစားသွားလေသည်။
( ဟံသူရစော ) ( ဗောဓကထာကို ပြန်ဆိုသည် )
( မြတ်မင်္ဂလာ ၂၀၀၀-ခု ဧပြီလ )
Posted by: mingala at 20.2.09
Labels: ပုံပြင်
No comments:
Subscribe to:
Posts (Atom)