Thursday, 21 March 2013
စေတနာကောင်းမှ လာဘ်ရ၏
ရှေးအခါက ဘုရားလောင်းသည် ပေါက်ပင်ကြီးတစ်ပင်တွင် ရုက္ခစိုးနတ် ဖြစ်နေ၏။
ဆင်းရဲသား ပုဏ္ဏား တစ်ဦးသည် ပေါက်ပင်ကြီး၏ ခြေရင်း အမှိုက်သရိုက်များကို ခုတ်ထွင်ရှင်းလင်း၏၊
ပန်း၊ ဆီမီး၊ အမွှေးတိုင်များဖြင့်လည်း ပူဇော်၏၊ ထို့နောက်...
“ချမ်းသာစွာ အိပ်ရပါ၏လော...ဟု ဆိုလျှက် ပြန်သွား၏”
တစ်နေ့ ပုဏ္ဏားအိုတစ်ဦး ရောက်လာ၏၊
အို ပုဏ္ဏားငယ် စိတ်မရှိ ကြားမှုမရှိသည့် ပေါက်ပင်ကို အဘယ်ကြောင့် ပူဇော်ရသနည်း...ချမ်းသာစွာ အိပ်ရပါ၏လော-ဟု မေးရသနည်း၊
အဘပုဏ္ဏား
အကျွန်ုပ်သည် ချမ်းသာလို၍ ပူဇော်ခြင်း ဖြစ်ပါသည်၊ ဤအပင်၌ နတ်များရှိ၏၊
ထိုအခါ ပုဏ္ဏားအိုသည်
ဖန်ဆင်းထားသော ပုဏ္ဏားအိုအသွင်မှ နတ်အသွင် ပြလိုက်သည်၊
ပုဏ္ဏားငယ် ငါသည် ဤအပင်စောင့် နတ်ဖြစ်၏၊ မကြောက်လင့်...သင့်အား ဥစ္စာတို့ကို ငါပေးအံ့။
ထိုသို့ပြောဆိုကာ ပျောက်ကွယ်သွား၏။
မကြာမီ ပုဏ္ဏားငယ်သည် အိမ်အောက်မှ ရွှေအိုးများကို တူးဖော်ရရှိ၏၊
ထို့ကြောင့် မိမိလည်း သုံးစွဲ၊ အလှူအတန်းလည်းလုပ်၊ သီလလည်း ဆောက်တည်ကာ ထာဝရချမ်းသာသွား ခဲ့ပေသည်။ စေတနာကောင်း၍ ပုဏ္ဏားငယ်မှာ လာဘ်ဥစ္စာများ ရရှိခြင်း ဖြစ်ပါသည်။
(စတုတ္ထနိပါတ် ပလာသဇာတ်)
Posted by: mingala at 4.7.12 No comments:
Labels: ငါးရာ့ငါးဆယ် မှတ်သားဖွယ်
Tuesday, May 1, 2012
ဆရာကို ရန်ငြိုးထားသော မင်းသား
တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားရန် လာရောက်နေကြသော တပည့်များတွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ သားတော် မင်းသားတစ်ပါးလည်း ပါရှိသည်။ တစ်နေ့သောညအခါ မင်းသားသည် ဆရာကြီးနှင့်အတူ မြစ်ဆိပ်သို့ ရေချိုးရန် လိုက်ပါသွားရာ လမ်းခရီး အိမ်တစ်အိမ်ရှေ့တွင် အဖြူချွတ်၍ သန့်စင်စွာ နေလှန်းထားသော နှမ်းဖျာကို တွေ့သဖြင့် နှမ်းတစ်ဆုပ်ကို နှိုက်ယူထား၍ စားလိုက်သည်။
Read more »
Subscribe to:
Post Comments (Atom)
No comments:
Post a Comment